
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၊ နေလည် (1၃:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ ရွှေဇင်ယော်ဆန်စက်အား ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။
သို့ဖြစ်ပါ၍ ရွှေဇင်ယော်ဆန်စက် လုပ်ငန်းရှင် ဒေါ်အမ်းကူနှင့် ဆွေးနွေးသည်မှာ ယခုနှစ် ရေကြီးရေလျှံမှုများဖြစ်သည့်အတွက် စပါးဈေးနှုန်းမည်မျှရှိ တိုးမြှင့် ကျဆင်းနိုင်မည့် ခန့်မှန်းတွက်ချက် ဆွေးနွေးပြီး လက်ရှိကြိတ်ခွဲရောင်းချနေသည့် ဆန်ဈေးနှုန်းများကိုလည်း သတ်မှတ်ထားသော ဈေးနှုန်းဖြင့်သာရောင်းချရန်နှင့် သတ်မှတ်ထားသော ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရောင်းချကြောင်း၊ Myro သိုလှောင်ရုံ ဆန်/စပါးလက်ကျန်စာရင်းအား ပုံမှန်ပေးသွင်းရန်တို့ကို ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
