
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတို့သည် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော််မတီ၏ ညွှန်ကြားချက်အရ သက်ဆိုင်ရာဌာနများဖြင့်ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ( ၂၅ )ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မုံရွာမြို့နယ်၊ မုံရွာမြို့ပေါ်ရှိ " သန့်" စားသောက်ကုန်လုပ်ငန်းနှင့် ကောင်းကြိုက် စားသောက်ကုန်လုပ်ငန်းများသို့ MSME - လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းရာတွင် ထုတ်လုပ်သော ကုန်စည်နှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ(၄၁)၊ (၄၃)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ပတ်သက်၍ ပြုလုပ်ရေးသားဖော်ပြရန်နှင့် မိမိတို့ထုတ်လုပ်သော ကုန်စည်များတွင် စားသုံးသူ စိတ်ကျေနပ်မှုရှိစေရေး၊ လုပ်ငန်းခွင်တွင် သန့်ရှင်းသပ်ရပ်စေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် ထုတ်ကုန်လုံခြုံစိတ်ချရ မှုရှိစေရေးတို့အတွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
