
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်း ပြင်ပစားအုန်းဆီ ရောင်းချမှုရှိ/မရှိ၊ စားသုံးဆီများ၏ ကုန်အညွှန်းအမှတ်အသားနှင့် ရောင်းချဈေးနှုန်းများ သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ စစ်ဆေးနိုင်ရန် အတွက် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက် နံနက် ၁၀:၀၀ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် (၄)ရပ်ကွက်ရှိ ငွေမိုးဆိုင်၊ (၂)ရပ်ကွက်ရှိ ဦးအောင်ကိုကိုဆိုင်နှင့် (၇)ရပ်ကွက်ရှိ ငွေလမင်းဆိုင် တို့ကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက စစ်ဆေးခဲ့ပြီး စစ်ဆေးရာတွင် စားသုံးဆီများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချခြင်းရှိ/မရှိ၊ ပြင်ပမှ စားအုန်းဆီ ဝယ်ယူရောင်းချခြင်းရှိ/မရှိ၊ ကုန်ပစ္စည်းအညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် ဆီရောင်းချဈေးနှုန်းများ သင့်တင့်မှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့အပြင် စားသုံးသူများအနေဖြင့် အရည်အသွေးပြည့်မီပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို ဝယ်ယူသုံးစွဲနိုင်ရေးနှင့် ရောင်းချသူများအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးခဲ့ကြောင်း သိရသည်။ အဆိုပါကွင်းဆင်းစစ်ဆေးမှုများကို စားသုံးသူများ၏ အခွင့်အရေးများ ကာကွယ်ပေးနိုင်ရေး၊ စားသုံးဆီဈေးကွက်အတွင်း မသမာသော ရောင်းဝယ်မှုများ မဖြစ်ပေါ်စေရေးနှင့် ကုန်ပစ္စည်းများကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေးအတွက် ဆက်လက်စစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
