
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောပွဲများအပြင် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက် လျက်ရှိရာ(၂၄-၉-၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် ကရမက်လမ်း၊ အမှတ်(၅)ရပ်ကွက်ရှိ MYTEL ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူများ အားစစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ပါသည်၊၊
ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ တိုင်ကြားခြင်းနှင့်စိစစ်ညှိနှိုင်းဖြေရှင်းခြင်း အကြောင်းများ၊ ဆက်သွယ်ရေးကဏ္ဍစုံနှင့် စပ်လျဉ်း၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များ နှင့်မိုဘိုင်း အော်ပရေတာများသို့ ညွှန်ကြားထား သည့်အချက်(၁၁)ချက်ပါ အကြောင်းများရှင်းလင်းဆွေးနွေး အသိပညာပေးခြင်းနှင့် MYTELမှဆောင်ရွက်ပေးသည့် အင်တာနက် ဝန်ဆောင်မှုများအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်း ရရှိပါသည်၊၊
DOCA(ဧရာဝတီ)
