
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တာဝန်ခံ ဒေါ်ရည်မွန်သန့်နှင့်ဝန်ထမ်းများသည် အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း ၍ (၂၄.၉.၂၀၂၆) ရက် နေ့လည်(၁၂:၃၀)နာရီအချိန်တွင် မြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသော ဆိုင်များတွင်သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံမှ မြို့ပေါ်ရှိစက်သုံးဆီ ရောင်းချ နေသော ဆိုင်များအား စက်သုံးဆီများကို လက်လီ/လက္ကား ရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေး ဖြင့် ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စက်သုံးဆီရောင်းချ နေသောဆိုင်ပိုင်အား စက်သုံးဆီရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း ကြီးမြင့်နေမှုကိုမိမိတို့ဆိုင်များအနေဖြင့် ပြည်သူများအားဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ်မှတ် ဈေးနှုန်းဖြင့်သာရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထား ရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်သုံးဆီဆိုင်ပိုင်ရှင်အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)
