ကရင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသောကြက်သွန်နီဈေးနှုန်း

Powered by Drupal

          ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် ကရင်ပြည်နယ်၊ ဘာအံမြို့ပေါ်ဈေးများ၌ မီးဖိုချောင်သုံး စားသောက်ကုန်ပစ္စည်းဖြစ်သည့် ကြက်သွန်နီဈေးနှုန်း အနည်းငယ်မြင့်တက်လျက် ရှိကြောင်း သိရသည်။ ကရင်ပြည်နယ်၊ ဘာအံမြို့ ရေပေါ်ဈေး၊ အခြားဈေးများနှင့် မြို့ပေါ်ရပ်ကွက် ဈေးများတွင် ယခင်လပိုင်း ပထမပတ် အတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် (၅၀၀၀/ ၆၀၀၀) ကျပ် ဝန်းကျင်သာရှိခဲ့သော်လည်း ယခုလတွင် မှာတော့ ကြက်သွန်နီ အရွယ်အစားပေါ်မူတည်၍ ကြက်သွန်နီ အသေးတစ်ပိဿာလျှင် (၇၇၀၀) ကျပ်၊ ကြက်သွန်နီ အလတ်တစ်ပိဿာလျှင် (၉၀၀၀) ကျပ်နှင့် ကြက်သွန်နီ အကြီးတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့အထိ ဈေးနှုန်းအနည်းငယ်မြင့် တက်နေပါ သည်။ ဈေးနှုန်းနှိုင်းယှဉ်ခြင်း အားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မိတ္တိလာ၊ မြင်းခြံ၊ ပခုက္ကူနှင့် မကွေး စသည့်မြို့ကြီးများမှ ကရင်ပြည်နယ်သို့ အဓိက ကြက်သွန်နီများဝင်ရောက်လျှက်ရှိပြီး မိုးတွင်းကာလ သိုလှောင်ထားသော ကြက်သွန်နီများ လက်ကျန်နည်းပါလာခြင်း၊ထိုင်းနိုင်ငံမှ ကြက်သွန်နီဝယ်လို အားများလာခြင်း၊ ကြက်သွန်နီလက်ဟောင်း ကုန်ကျန်ပစ္စည်းနည်းပါလာခြင်းနှင့် ဆောင်းကြက်သွန်နီ (အစို) မပေါ်မီ လအတွင်း ကြက်သွန်လက်ဟောင်းနည်းလာခြင်းတို့ကြောင့် ဝယ်လိုအားများလာပြီး ပြည်တွင်း ကြက်သွန်နီဈေးများပါ  လိုက်လာမြင့်တက်ရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

DOCA(ကရင်)