မကွေးမြို့၏ အသင့်သောက်ကော်ဖီ ဈေးနှုန်းအခြေအနေ

Powered by Drupal

      ကော်ဖီသည် စားသုံးသူတိုင်း နေ့စဉ်စားသုံးသည့် ကုန်ပစ္စည်းတစ်မျိုးအဖြစ်သာမက ဈေးကွက်အတွင်း အမျိုးအစားစုံလင်သည့် စားသောက်ကုန်တစ်မျိုးဖြစ်နေပြီး ကော်ဖီစစ်စစ်အမှုန့်နှင့် ကော်ဖီစေ့များမှာ အိမ်တွင်ကိုယ်တိုင်ဖျော်သောက်လိုသူများနှင့် ကော်ဖီအရသာကို အလေးထားသူများအတွက် ဈေးကွက်တစ်ခုအဖြစ်ရှိနေကြောင်းနှင့် ကော်ဖီဈေးကွက်တွင် အမျိုးအစားစုံလင်လာခြင်းကြောင့် စားသုံးသူများအနေဖြင့်  မိမိတို့နှစ်သက်သည့် အမျိုးအစား၊ အရသာ၊ အရွယ်အစား၊ ကော်ဖီပြင်းအားတို့အား ရွေးချယ်ဝယ်ယူနိုင်ကြောင်းနှင့် ဈေးကွက်အတွင်း အရည်အသွေးအလိုက် ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရှိရပါသည်။

 မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ရှိ ကော်ဖီဈေးကွက်အတွင်း၂၀၂၆ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် ရောင်းချနေသည့် အသင့်ဖျော်သောက်နိုင်သည့် ကော်ဖီဈေးနှုန်းများမှာ HAPPY (၃၀)ထုပ်ပါ (၁)ထုပ်လျှင် ကျပ် (၁၆၅၀၀)၊ Birdy (၃၀)ထုပ်ပါ (၁)ထုပ်လျှင် ကျပ် (၁၅၅၀၀)၊ Super (၄၈)ထုပ်ပါ (၁)ထုပ်လျှင် ကျပ် (၂၄၀၀၀)၊ MAY MYO FRESH (၂၀)ထုပ်ပါ (၁)ထုပ်လျှင် ကျပ်(၁၆၀၀၀)၊ NESCAFE(၂၇)ထုပ်ပါ (၁)ထုပ်လျှင် ကျပ်(၂၆၅၀၀)၊   NESCAFE (၄၈)ထုပ်ပါ (၁)ထုပ်လျှင် ကျပ် (၃၃၅၀၀)၊ NESCAFE (၂၀၀)ဂရမ်ပါ (၁)ပုလင်းလျှင် ကျပ် (၄၂၀၀၀)၊ PREMIER (၃၀)ထုပ်ပါ (၁)ထုပ်လျှင် ကျပ် (၁၇၅၀၀)၊ PLATINUM (၃၀)ထုပ်ပါ (၁)ထုပ်လျှင် ကျပ်(၁၆၅၀၀)၊ MIKKO DIET Coffee Mix (၂၀)ထုပ်ပါ(၁)ထုပ်လျှင် ကျပ်(၁၅၅၀၀)၊ သဘာဝအသင့်ဖျော် နှပ်ကော်ဖီဈေးနှုန်းများမှာ ဘန့်ဘွေး (၁၀)ထုပ်ပါ (၁)ထုပ်လျှင် ကျပ်(၇၅၀၀)၊ ဓနုညီနောင် (၅)ထုပ်ပါ (၁)ထုပ်လျှင် ကျပ်(၁၁၀၀၀)၊ PREMIER(၂၀)ထုပ်ပါ (၁)ထုပ်လျှင် ကျပ်(၁၄၅၀၀)၊ (2 Plus 1) ကော်ဖီ ဈေးနှုန်းများမှာ PREMIER (၃၀)ထုပ်ပါ (၁)ထုပ်လျှင် ကျပ် (၁၇၅၀၀)၊ EVER Win (၃၀)ထုပ်ပါ (၁)ထုပ် လျှင် ကျပ် (၁၈၅၀၀)၊ ကော်ဖီကြမ်းမှုန့် ဈေးနှုန်းများမှာ EVER Win (၂၀၀)ဂရမ်ပါ (၁)ထုပ်လျှင် ကျပ် (၁၁၅၀၀)၊ ရွှေရွာငံ (၂၀၀)ဂရမ်ပါ (၁)ထုပ်လျှင် ကျပ် (၂၁၀၀၀)၊ ရွှေပုဇွန် (၂၀၀)ဂရပ်ပါ (၁) ထုပ်လျှင် ကျပ်(၁၆၀၀၀)၊ ရဲမွန်တောင် (၂၀၀)ဂရပ်ပါ (၁)ထုပ်လျှင် ကျပ် (၂၂၀၀၀) တို့ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)