Consumer Call Center ၁၅၃၅ သို့ ဆက်သွယ်ဆောင်ရွက်

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့် သတင်းအချက်အလက်များကို ဌာနသို့အလွယ်တကူဆက်သွယ် မေးမြန်းစုံစမ်းနိုင်ရန် ရည်ရွယ်၍ ၂၀၂၁ခုနှစ်၊ ဇွန်လမှစတင်၍ Consumer Call Center Hotline နံပါတ်(၁၅၃၅)ကို  နေပြည်တော်ရုံးချုပ်တွင်လိုင်းခွဲ(၁)၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လိုင်းခွဲ(၂)နှင့် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် လိုင်းခွဲ(၃)တို့ကိုဖွင့်လှစ်ထားပြီ ရုံးဖွင့်ရက်ရုံးချိန်အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင် ကြောင်း အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ (၂၅.၉.၂၀၂၆)ရက်နေ့၊ နံနက်(၁1:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(10)ရပ်ကွက်၊ တပ်မြို့တောင်ရပ်ရှိ အောင်လံပေါင်မုန့်၊ ကိတ်မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့်လုပ်ငန်းမှ  Consumer Call Center (၁၅၃၅) လိုင်းခွဲ(၃) မန္တလေးတိုင်းဒေသကြီးသို့  အသင့်စားမုန့်အမျိုးမျိုးတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်းများကို ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူဝန်ထမ်းမှ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)