
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် (၅.၁၀.၂၀၂၆)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဈေး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်သည် ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)က စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင် မဆိုပုဒ်မ (၄၁)ပုဒ်မခွဲ(ခ)၊ (ဂ)နှင့်(ဆ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ထုတ်လုပ်/ ကုန်ဆုံးရက်စွဲ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက် ဆိုးကျိုးဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း စသည်တို့ကိုအသိပညာပေးဟောပြောခဲ့ပြီး လုပ်ငန်းရှင်များမှလည်းသိလိုသည်များကိုမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ ခရိုင်/ ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)
