
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ ဆေးနှင့်ဆေးပစ္စည်းများအား လက်ကားဈေးအပေါ်ပိုမို အမြတ်တင်ရောင်းချနေခြင်းရှိ/မရှိ သိရှိနိုင်ရန် သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံများနှင့် မြို့နယ်ကျန်းမာရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့များနှင့်ပူးပေါင်း၍ အပတ်စဉ်အင်္ဂါနေ့တိုင်း ဆေးဝါးအမျိုးအစားအလိုက် ရောင်းချသည့် အရေအတွက်၊ ဈေးနှုန်းဖြစ်ပေါ်မှု(အတက်/အကျ)၊ ပစ္စည်း ပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်မှုအခြေအနေများအား ဆေးနှင့် ဆေးပစ္စည်း အရောင်း ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ ဆေးနှင့်ဆေးပစ္စည်းများ ပစ္စည်းပြတ်လပ်မှုမရှိပါကြောင်းနှင့် ဆေးဈေးနှုန်းများအနေဖြင့် သိသာစွာပြောင်းလဲမှု မရှိပါကြောင်း ကွင်းဆင်းစစ်ဆေး တွေ့ရှိရပါသည်။
DOCA(ပဲခူး)
