လက်ပံတန်းမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၁၇ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ  ဦးမင်းမင်း  ကုန်မျိုးစုံနှင့် ရောင်းဝယ်ရေးဆိုင်များအား ကုန်အညွှန်းအမှတ် အသား များ  ပြည်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ တို့ကိုသိရှိရန် ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်း၊ မြို့နယ် တာဝန်ခံ ဦးကျော်မျိုးထွန်း၊ စည်ပင်သာယာ ရေးအဖွဲ့၊ နှင့် ဝန်ထမ်းတို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ပါသည်။ စားသုံးသူများ   တိကျမှန်ကန် ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊  စိတ်ကျေနပ် မှုရှိစေရန်အတွက်အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည် ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် စားသုံးသူကာကွယ် ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)