မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီစျေး ကျဆင်းလျက်ရှိ

Powered by Drupal

        မိတ္ထီလာခရိုင်အတွင်း စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီကို မိတ္ထီလာမြို့နယ်၊ ပျော်ဘွယ်မြို့နယ်များတွင် စိုက်ပျိုးကြပြီး၊ မိုးကြက်သွန်နီကို သြဂုတ်၊ စက်တင်ဘာလများတွင် စိုက်ပျိုးကြရာ ယခု ဒီဇင်ဘာလတွင် မိုးကြက်သွန်ပေါ်ချိန်ဖြစ်၍ စျေးကွက်အတွင်း ကြက်သွန်နီအသစ်များ ဝင်လာပြီး၊ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခု ဒီဇင်ဘာလ တတိယပတ်တွင် စျေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်နီစျေးနှုန်းမှာ ကြက်သွန်နီ အလုံးကြီး တစ်ပိဿာလျှင် ၃၀၀၀ိ/- ကျပ်၊ အလုံးသေး တစ်ပိဿာလျှင် ၂၅၀၀ိ/-ကျပ်ဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်နိုဝင်ဘာလ တတိယပတ် အလုံးကြီး တစ်ပိဿာလျှင် ၄၀၀၀ိ/- ကျပ်၊ အလုံးသေး တစ်ပိဿာလျှင် ၃၅၀၀ိ/-ကျပ် စျေးရှိခဲ့ပြီး၊ ယခင် နိုဝင်ဘာ တတိယပတ်နှင့် ယခုဒီဇင်ဘာ တတိယပတ်နှိုင်းယှဉ်လျှင် ကြက်သွန်နီ အလုံးကြီး တစ်ပိဿာလျှင် ၁၀၀၀ိ/- ကျပ်၊ အလုံးသေး တစ်ပိဿာလျှင် ၁၀၀၀ိ/-ကျပ်ခန့် စျေးနှုန်းကျဆင်းလာကြောင်း၊ စျေးနှုန်းကျဆင်းလာရခြင်းမှာ ကြက်သွန်နီအသစ်များ ဝင်ရောက်လာခြင်းကြောင့်ဖြစ်သည်ဟု သိရပါသည်။

DOCA(မန္တလေး)