
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် ကျွဲကောသီးသည် လူကြိုက်များပြီး ဈေးကောင်းရရှိလျက် ရှိပါသည်။ မြိတ်ဒေသတွင်း ကျွဲကောသီးပင်အား တစ်နိုင်တစ်ပိုင် ဥယျာဥ်ခြံများနှင့် ကိုယ်ပိုင်ခြံငယ်များတွင်သာ အနည်းငယ်စိုက်ပျိုးသဖြင့် ကျွဲကောသီးအများအပြားစိုက်ပျိုးဖြစ်ထွန်းရာ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်များမှ အများဆုံးဝယ်ယူတင်သွင်းရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ကျွဲကောသီးစားသုံးခြင်းဖြင့် သွားနှင့် ခံတွင်းကျန်းမာရေးကို ပိုမိုကောင်းမွန်စေပြီး ကိုယ်အလေးချိန် ထိန်းချုပ်ပေးခြင်းနှင့် သွေးဖိအား အလွန်ပင်ကောင်းမွန်စေသော သီးနှံတစ်မျိုးဖြစ်ပါသည်။ မြိတ်မြို့ပေါ်တွင် မော်လမြိုင်ကျွဲကောသီးများကို အများဆုံးတင်သွင်းရောင်းချကြကြောင်းလည်း သိရှိရပါသည်။
မြိတ်မြို့ပေါ်ရှိစျေးကွက်အတွင်း ဒေသထွက်ကျွဲကောသီးအနည်းငယ်နှင့် မော်လမြိုင်ကျွဲကော သီးများကိုအများဆုံးတွေ့ရှိရပြီး ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊ ဒုတိယပတ်တွင် မော်လမြိုင်ကျွဲကော သီးတစ်လုံးလျှင်(၅၀၀၀)ကျပ်မှ (၆၀၀၀)ကျပ်ဖြစ်ပြီး ဒေသထွက် ကျွဲကောသီးတစ်လုံးလျှင်(၂၅၀၀) ကျပ်နှင့်(၃၀၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
