
မုံရွာဈေးကွက်အတွင်းသို့ ခရမ်းချဉ်သီး အမျိုးအစားများဖြစ်ကြသော ရှမ်းသီး (ခေါ်) အင်းသီး၊ ထိုင်ဝမ်သီး၊ ဗမာသီးများ မျိုးစုံဝင်ရောက်လျက်ရှိပါသည်။ ခရမ်းချဉ်သီး(အင်းသီး)နှင့် ထိုင်ဝမ်သီးတို့ ကို ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်ဒေသတို့မှ အများဆုံး ဝင်ရောက်လျက်ရှိသည်။ ဒေသတွင်း ခရမ်းချဉ်သီးများကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ဈေးကွက်အတွင်း ခရမ်းချဉ်သီးများ ယခင်လက ဈေးနှုန်းကျဆင်းခဲ့သော်လည်း ယခုလ အောက်တိုဘာလတွင် တရိပ်ရိပ်ဈေးနှုန်း ပြန်လည်မြင့် တက်လာသည်ကို တွေ့ရှိရသည်။
ဈေးကွက်အတွင်း၌ အောက်တိုဘာလ တတိယပတ်တွင် ခရမ်းချဉ်သီး အင်းသီး၊ ထိုင်ဝမ်၊ ကျားခြေယာသီး တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အမျိုးအစားများ ကွဲပြားသော်လည်း ဈေးနှုန်းသည် အတူတူပင်ဖြစ်ကြောင်း၊ ယခင်လ စက်တင်ဘာလဆန်းပိုင်းတွင် ခရမ်းချဉ်သီးဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ဖြင့် ဈေးနှုန်းကျဆင်းခဲ့သော်လည်း ယခု အောက်တိုဘာလနှင့် နှိုင်းယှဉ်ချက်အရ ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
