နွားထိုးကြီးမြို့နယ်၏၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးအစေ့ထုတ်ပြောင်း စိုက်ပျိုးထားရှိမှုနှင့် တစ်ဧကအကျိုးအမြတ်ရရှိမှု

Powered by Drupal

              နွားထိုးကြီးမြို့နယ်သည် မိုးကောင်းသောက်ယာမြေများ၌ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ကြက်သွန်နီ၊ ပြောင်းနှင့် ဝါသီးနှံများကိုစိုက်ပျိုးလျှက်ရှိရာ၊ မိုးအစေ့ထုတ်ပြောင်း များကိုလည်း စိုက်ပျိုးလျှက် ရှိကြောင်း၊    မိုးအ‌စေ့ထုတ်ပြောင်းကို  မေလ၊ ဇွန်လနှင့် ဇူလိုင်လ တို့တွင် စတင်စိုက်ပျိုးပြီး  အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက် ပေါ်ကြောင်း သိရှိရသည်။   

            ၂၀၂၆-၂၀၂၇ ခုနှစ်တွင် နွားထိုးကြီးမြို့နယ်အနေဖြင့် မိုးအစေ့ထုတ်ပြောင်းလျာထား (၄၄၀) ဧကတွင် စိုက်ပျိုးထားရှိမှု (၄၄၂) ဧက စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးထားကြောင်း၊ မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ စိုက်ပျိုးသည့်စနစ်မှာ ဘောင်ဖြင့် အတန်းလိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း တစ်ပင်ကို (၈-၉) လက်မခန့်ခွာ၍ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးသောမျိုးမှာ ရေဆင်း(၁၀) မျိုးနှင့် စီပီ 888 မျိုးကို စိုက်ပျိုးထားကြောင်း၊ မြေပြုပြင်ရာတွင် အထွက်နှုန်းကောင်းစေရန် ထယ်ရေးနက်နက်တွင်    ထွန်ရေးညက်ညက်ထွန်ပြီး စိုက် ပျိုးကြောင်း၊   စိုက်ပျိုးသည့်ကျေးရွာများမှာ နဘဲမြစ်ရွာ၊ ပဒေါင်းရွာ၊ ဇီးတောရွာ၊ လျော်ဖြူရွာ၊ မကျီး ကန်ရွာ၊ ဘုံသာရွာနှင့် ထန်းတောမရွာတို့တွင်စိုက်ပျိုးကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်  စုစုပေါင်း  (၈-၉) သိန်းကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့်  (၈၀) တင်း ခန့်ထွက်ရှိကြောင်း၊ ထွက်ပေါ်ချိန်ရောင်းဈေးအနေဖြင့် အစေ့ထုတ် ပြောင်းတစ်တင်းလျှင် (၂၄၀၀၀) ကျပ်ပေါက်ဈေး များဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်နှစ် တစ်ဧကအကျိုးအမြတ်အနေဖြင့် (၉)သိန်း ကျပ်ဝန်းကျင်ခန့် အကျိုးအမြတ်ရရှိကြောင်း၊  ထွက်ပေါ်ချိန် တွင် တောင်သူများမှပွဲရုံများသို့ တိုက်ရိုက် တင်ပို့‌ရောင်းချကြောင်း၊ အစေ့ထုတ်ပြောင်းသည် အကျိုး အမြတ်ရရှိသောကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးသင့်ကြောင်း ယခုနှစ်တွင် ရာသီဥတု ကောင်း၍ မိုးအစေ့ထုတ်ပြောင်းများ အထွက်နှုန်းများကောင်းနိုင်ကြောင်း၊ နိုဝင်ဘာလ ဆန်းပိုင်းတွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ ထန်းတောမကျေးရွာမှ အစေ့ထုတ်ပြောင်းစိုက် တောင်သူတစ်ဦး၏ ပြောပြ ချက်အရသိရှိရသည်။ CP ပြောင်းများကို ဒေသတွင်းအသုံးပြု၍ ပိုလျှံသည်များကို မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံများသို့လည်း တင်ပို့ရောင်းချကြောင်း ပြောင်းကုန်သည်တစ်ဦး၏ ပြောပြချက် အရသိရသည်။   

DOCA(မန္တလေး)