ကန့်ဘလူမြို့နယ်၌ နှမ်းဈေးနှုန်းပြန်လည်မြင့်တက်လာ

Powered by Drupal

          ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆောင်းနှမ်းကိုအဓိက စိုက်ပျိုးကြောင်း၊ နှမ်းသီးနှံကို ဒေသတွင်းစားသုံး၍ ပိုလျှံသောသီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ သို့ အဓိကတင်ပို့ကြောင်း သိရသည်။

     ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင် ကျပ် ၁၉၀၀၀၀၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ကျပ် ၁၅၄၀၀၀ နှုန်းဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိရာ  ယခင်အပတ်၏ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုတတိယပတ်အတွင်း မန္တလေးဈေးကွက်၌ နှမ်းသီး နှံအဝယ်လိုက်လာသောကြောင့် နှမ်းနက်(စမုံ) တစ်တင်းလျှင် ကျပ် ၁၀၀၀၀ ဈေးနှုန်းမြင့်တက်လာကြောင်း၊ မန္တလေးမြို့ရှိ ကုန်စည်ဒိုင်နှင့် ပွဲရုံများ၏ ဈေးနှုန်းအတက်/ အကျပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း၊ ဒေသတွင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)