ကန့်ဘလူမြို့နယ်တွင် ပြည်ပပို့ကုန် မတ်ပဲဈေးနှုန်း ပြန်လည်မြင့်တက်

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲမျိုးစုံ စသည့်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသည့် ပြည်ပပို့ကုန် မတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် မြေထူးကျေးရွာ၊ ထန်းကုန်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိကြောင်း ကြေးတိုင်နှင့် မြေစာ ရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

    ကန့်ဘလူမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲတစ်တင်းလျှင် ၁၀၀၀၀၀ ကျပ်၊ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် ၁၀၇၀၀၀ ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်၏ ဈေးနှုန်းနှိုင်းယှဉ်ပါက တတိယပတ်အတွင်း မန္တလေးဈေးကွက်၌ အရောင်းအဝယ်လိုက်လာသောကြောင့် မတ်ပဲတစ်တင်းလျှင် ကျပ် ၉၀၀၀နှင့် မတ်ပဲ (ဂျပန်)တစ်တင်းလျှင် ကျပ် ၁၀၀၀၀ ဈေးနှုန်းမြင့်တက်လာကြောင်း၊ မန္တလေးပဲဈေးကွက်၏ အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းအတက်၊ အကျပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲဖြစ်လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)