လွိုင်ကော်မြို့တွင်ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

          ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း လွိုင်ကော်မြို့နယ် အခြေခံစားကုန်များ ဖြစ်သော အခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် (၄၃၀၀) ကျပ်၊ ရွှေရင်အေး တစ်ပြည် (၂၉၅၀) ကျပ်၊ ဇီယာ တစ်ပြည်(၂၀၀၀)ကျပ်ဖြင့်လည်းကောင်း စားသုံးဆီအနေဖြင့် စားအုန်းဆီတစ်ပိဿာလျှင် (၅၈၀၀)  ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ် တို့ဖြင့် လည်းကောင်း စားဖိုဆောင်သီးနှံအနေဖြင့် ကြက်သွန်နီလက်လီတစ်ပိဿာလျှင် (၄၀၀၀)ကျပ်မှ (၄၅၀၀) ကျပ် ထိ ၊ ကြက်သွန်ဖြူ(ရှမ်း) လက်လီ တစ်ပိဿာလျှင်(၄၂၀၀)ကျပ် မှ (၄၈၀၀)ကျပ်ထိ၊ ချင်းတက် လက်လီ တစ်ပိဿာလျှင်(၁၁၀၀)ကျပ် မှ (၁၅၀၀)ကျပ်ထိ ၊ ငရုတ်ခြောက် အမျိုးအစား အလိုက်(၁၄၀၀၀)ကျပ်မှ(၁၇၀၀၀)ကျပ်ထိ၊ အာလူး (၂၃၀၀)ကျပ် မှ (၂၅၀၀)ကျပ်ထိ ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၁၃၀၀)ကျပ် မှ (၁၅၀၀)ကျပ် တို့ဖြင့် လည်းကောင်း၊ ကြက်ဥလက်လီ ဈေးနှုန်းမှာ  ကြီး တစ်လုံး(၂၃၀) ကျပ်၊ သေး တစ်လုံး(၂၁၀)ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၂၆၀) ကျပ်၊ ဘဲဥ (သေး)တစ်လုံး(၂၄၀)ကျပ်ဖြင့်လည်းကောင်း၊ လွိုင်ကော်မြို့၏ သား/ငါး ဈေးနှုန်းမှ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်မှ (၁၂၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်မှ(၁၅၀၀၀)ကျပ်ထိ၊အမဲသား တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်မှ (၁၅၀၀၀)ကျပ်ထိ၊ငါးမြစ်ချင်း တစ်ပိဿာလျှင်(၈၀၀၀)ကျပ်မှ(၉၀၀၀)ကျပ်ထိ၊ ငါးကြင်းတစ်ပိဿာလျှင် (၉၀၀၀)ကျပ်မှ(၁၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအတွင်းရောင်းချနေသော ဈေးသည်များထံမှ သိရပါသည်။

DOCA(ကယား)