ဈေးကွက်အတွင်းခရမ်းချဉ်သီးဈေးနှုန်းကျဆင်း

Powered by Drupal

          စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မိုင်းလုံးရပ်ကွက် ၊ ရွာတန်းရှည် ကျေးရွာ၊ မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးကြပါသည်။  ယခုဒီဇင်ဘာ လစတုတ္ထပတ်တွင် ဈေးကွက်အတွင်း၌ ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာ လျှင်(၁၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင် နိုဝင်ဘာလ စတုတ္ထပတ်တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၈၀၀)ကျပ်ဖြစ်ပြီး  နိုဝင်ဘာလ စတုတ္ထပတ်ဈေးနှုန်း နှင့် ဒီဇင်ဘာလစတုတ္ထပတ် ဈေးနှုန်းနှိုင်းယှဉ်လျှင် ခရမ်းချဉ်သီးတစ်ပိဿာ (၈၀၀)ကျပ်ခန့် ကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ဈေးကွက်အတွင်း ခရမ်းချဉ်သီးအများအပြား ဝင်ရောက်လာခြင်းကြောင့်ဖြစ်သည်ဟု နောင်ယားဈေးရှိ ခရမ်းချဉ်းသီးရောင်းချသူတစ်ဦးထံမှ သိရ ပါတယ်။

DOCA(ကယား)