မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် တောင်ချောင်းဘက်ရှိလိမ်ဒုံး၊ ပြောင်ကျ၊ ပယ်ကျ၊ ဒန်းကိုင်း၊ ထန်းတပင်၊ ရွှေစင်၊ အလယ်ရွာစသည့်ကျေးရွာများမှထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ဒီဇင်ဘာတတိယပတ်တွင်ကံမမြို့ပေါ်ရှိ ပွဲရုံများသို့ ပဲတီစိမ်းသီးနှံမှာ (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၆၇၅၀၀)ဖြင့်နေ့စဉ် (၁၅)အိတ်ခန့်ဝင်ရောက်ကြောင်း၊ မတ်ပဲသီးနှံမှာ (၃၀)ပိဿာဝင် တစ်အိတ် လျှင် ကျပ်(၈၄၇၅၀)ဖြင့်နေ့စဉ် (၅၀)အိတ်ခန့်ဝင်ရောက်ကြောင်း၊ ထို့အပြင် ပဲစဉ်းငုံ(အသစ်)များထွက်ပေါ် လျက်ရှိရာ (၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၇၉၅၀၀)ဖြင့် (၄/၅)အိတ်ခန့် စတင်ဝင်ရောက်လျက်ရှိပါကြောင်းနှင့် နေ့စဉ်ဝယ်ယူရရှိသည့် သီးနှံများကိုပြည်မြို့သို့ ကားဖြင့်တင်ပို့ရောင်းချရပါကြောင်း၊ ကံမမြို့ ပေါ်ရှိ ကုန်သည်တစ်ဦးထံမှ သိရပါသည်။
မြောက်ချောင်းဘက်ရှိ ရေနံ့သာ၊ ဆုံကုန်း၊ ခြောက်ပင်၊ သံပုရာ၊ ဥသျှစ်ကုန်း၊ မင်းတည်းစသည့် ကျေးရွာများမှ ထွက်ရှိသည့် ပဲတီစိမ်းသီးနှံမှာလည်း ဒီဇင်ဘာလ တတိယပတ်တွင် ရေနံ့သာကျေးရွာရှိ ပွဲရုံများမှ(၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၆၉၀၀၀)ဖြင့် လက်ကျန်ပဲများအား ဝယ်ယူလျက်ရှိပါ ကြောင်း၊ နေ့စဉ် (၁၅)အိတ်ခန့်ဝင်ရောက်ကြောင်း၊ မတ်ပဲသီးနှံမှာ (၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ် (၈၆၂၅၀)ဖြင့် နေ့စဉ်(၇၀ မှ ၈၀)အိတ်ခန့် ဝင်ရောက်ကြောင်း၊ မြေပဲသီးနှံဖြစ်သော မြေပဲဆံဖြူ အလုံးသေး (၁)ပိဿာလျှင် ကျပ်(၄၃၅၀)၊ အလုံးကြီး (၁)ပိဿာလျှင် ကျပ်(၄၅၀၀)ဈေးရှိပြီး၊ မြေပဲဆံဖြူ (၁)ပိဿာလျှင် ကျပ်(၅၆၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း၊ နေ့စဉ်ဝယ်ယူရရှိသည့် သီးနှံများကို ရေနံ့သာကျေးရွာရှိ ကုန်ကားများဖြင့် ပြည်မြို့သို့ တင်ပို့ရောင်းချရပါကြောင်း၊ တောင်ချောင်း နှင့် မြောက်ချောင်း သီးနှံဈေးနှုန်းကွာခြားရခြင်းမှာ ရေနံ့သာမှ ကံမမြို့သို့ကားသယ်ယူခစရိတ် ကွာခြားရခြင်းကြောင့်ဖြစ်ပါကြောင်း ရေနံ့သာကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)