မုံရွာမြို့၏ငရုတ်သီးဈေးကွက်

Powered by Drupal

        မုံရွာမြို့တွင် စားဖိုဆောင်သီးနှံဖြစ်သောငရုတ်သီးကို ဒေသတွင်း လက်လီ/လက်ကားသမားများဖြင့်သာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါသည်။ ငရုတ်သီးစိမ်းကို မုံရွာမြို့ရှိ ပွဲရုံများမှတဆင့် ဈေးများ၊ ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကားရောင်းချကြောင်းသိရှိရပါသည်။ မုံရွာမြို့တွင် စိုက်ပျိုးသောကျောက်စိမ်းငရုတ်သီးဈေးမှာ ယခုလက်ရှိအချိန်တွင် ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် (၈၀၀-၁၀၀၀)ကျပ်နှုန်း၊ လက်လီဈေးမှာ တစ်ပိဿာလျှင် (၁၀၀၀-၁၂၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။ ငရုတ်သီးစိမ်းကို မုံရွာမြို့နယ်အတွင်းရှိ ညောင်ပင်တဲ၊ ကျောက်ခွက်၊ ဘုမ္မနိုး၊ ထနောင်းတော၊ မြေနဲ၊ ဆည်ကြီးတော၊ သစ်ညိုပင်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြောင်းသိရသည်။ ငရုတ်သီးစိမ်းများသည် အထွက်နှုန်းကောင်းကာ ဈေးကောင်းရရှိနေခြင်းကြောင့် စိုက်ပျိုးသူတောင်သူများလည်း အကျိုးအမြတ်ဖြစ်ထွန်းကာ အဆင်ပြေနေကြကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း