ပခုက္ကူမြေပဲဈေးကွက်တွင် ဒီဇင်ဘာ(တတိယ)ပတ်အတွင်း မြေပဲဈေးများ ဆက်လက်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုတစ်ပတ်တွင် (၃)လ မြေပဲတောင့်(အခြောက်) များ ယောနယ်ဒေသမှ အများဆုံးဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်းသို့ တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ(၅၀၀၀၀)ခန့်၊ အိတ်(၂၀၀၀)ခန့်ဝင်ရောက်လျက်ရှိကြောင်း၊ မြေပဲတောင့် (အခြောက်) တစ်ပိဿာ ကျပ်(၂၉၅၀/ ၃၀၀၀)ဈေးဖြင့် ပေါက်ဈေးရှိပြီး၊ မြေပဲဆံမှာ မြေပဲ(အဆံ) ဝင်ရောက်မှု နည်းပြီး မြို့ပေါ်ရှိလုပ်ငန်းရှင်များမှ မြေပဲတောင့်များကို ကြိတ်ခွဲပြီး အဆံထုတ်ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ယခုတစ်ပတ်အတွင်း မြေပဲဆံတစ်ပိဿာလျှင် လက်ကားဈေးကျပ် (၄၉၅၀/ ၄၉၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
ဈေးကွက်အတွင်းရှိ မြေပဲများကို ဒေသတွင်းနေရာနှံ့အပြားနှင့် ရန်ကုန်တိုင်းဒေသကြီးသို့ ကုန်ချိန်အများဆုံး တင်ပို့လျက်ရှိကြောင်းသိရှိရပြီး ပြည်ပပို့ကုန်အဖြစ် ယိုးဒယားနိုင်ငံသို့လည်း မြေပဲဆံများကို တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ယခုတစ်ပတ်အတွင်းတွင် မြေပဲဈေးကွက်အေး၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)