ဒီဇင်ဘာလ တတိယပတ်အတွင်း နှမ်းနက်များ အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျှက်ရှိပါသည်။

          ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် ဒီဇင်ဘာလ တတိယပတ်အတွင်း နှမ်းနက်များ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း၊ နှမ်းနက်တစ်တင်းလျှင် အနိမ့်ဈေး(၈၃၀၀ဝိ/-)နှင့် အမြင့်ဈေး(၈၆၀၀ဝိ/-) ပေါက်ဈေး ရှိခဲ့ပြီး ယခင်အပတ်ဈေးအတိုင်း ဆက်လက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အရောင်းအဝယ်ဖြစ်မှုမှာ (၆၀၀၀)တင်း/(၁၄၇)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်မှုနှိုင်းယှဉ်ပါက  ယခုနှစ်တွင် ယခင်နှစ်ထက် (၄၃၅၀)တင်း/(၁၀၇)တန် ပိုမိုခဲ့ကြောင်း ပဲ၊ နှမ်းကုန်စည်ဒိုင်မှ တာဝန်ရှိသူများ နှင့်ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)