စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေးရန်အတွက် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ဒီဇင်ဘာလ(၂၃)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့ တဂဏန်းကျေးရွာရှိ အောင်ဆုမွန်စက်သုံးဆီ အရောင်းဆိုင်မှ တာဝန်ခံနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ နေ့စဉ်သတ်မှတ်ထုန်ပြန်ပေးသည့် ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိ၊ အချိန်အတွယ်နှင့်အလေးချိန် မှန်ကန်မှုရှိ/မရှိစစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိပြီး၊ အချိန်အတွယ်မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်  ဌာနမှဆောင်ရွက်နေသည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စက်သုံးဆီရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များ သိရှိနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊   ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊  စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွား ထိခိုက်နစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့် အကြောင်းများ၊ တိုင်ကြားခြင်းအပေါ်  စိစစ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခြင်းအကြောင်းများ၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားအပါအဝင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို စုံစမ်းနိုင်ရန်ရည်ရွယ်၍ ဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ Consumer Call Centerနံပါတ် ၁၅၃၅သို့ ရုံးဖွင့်ရက်ရုံးချိန်အတွင်းမည်သည့် Operator Ph No. ကဖြစ်စေခေါ်ဆို၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး  အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။         

DOCA(စစ်ကိုင်း)