စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေးခရိုင်နှင့် ကသာခရိုင်တို့တွင် စပါး/ဆန်ဈေးနှုန်းများမှာ ဈေးအေးနေပြီး၊ ရွှေဘိုခရိုင်တွင် စပါး/ဆန်ဈေးနှုန်းမှာ အနည်းငယ်ကျနေသော်လည်း မုံရွာခရိုင်နှင့် ကန့်ဘလူခရိုင်တို့တွင် ဧရာမင်းစပါး/ဆန်ဈေနှုန်တို့မှား အနည်းငယ်တက်နေကြောင်း သိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) (ဟောင်း) တင်း ၁၀၀ လျှင် ကျပ်(၂၆၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) (ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၈၈၀၀၀၊ ရွှေဘိုပေါ်ဆန်း(စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ်(၁၅၅၀၀၀၀)၊ ပေါ်ဆန်း(ဆန်)(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင်ကျပ် ၅၅၀၀၀၊ ဧရာမင်း (စပါး) (ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၁၄၅၀၀၀၀၊ ဧရာမင်း(ဆန်) (ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်) (သစ်) ၂၄ ပြည်ပါတစ် အိတ်လျှင် ကျပ် ၄၃၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) (ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(ဟောင်း)တစ်အိတ်လျှင် ကျပ် ၈၀၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၄၅၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)တစ်အိတ်လျှင် ကျပ် ၅၀၀၀၀၊ ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀လျှင် ကျပ် ၁၃၀၀၀၀၀၊ ဧရာမင်း (ဆန်)(ဟောင်း)၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၅၈၀၀၀၊ ဧရာမင်း (စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀ နှင့် ဧရာမင်း (ဆန်)(သစ်)၂၄ ပြည်ပါတစ်အိတ်လျှင် ၄၀၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၁၀၅၀၀၀၀၊ ဧည့်မထ (ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၄၀၀၀၊ ဧည့်မထ(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧည့်မထ(ဆန်)(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၃၇၀၀၀၊ ငစိန်(စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၀၀၀၀၊ ငစိန်(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)(သစ်)၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၃၅၀၀၀၊ ဧရာမင်း (စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊ ဧရာမင်း(ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၅၅၀၀၀၊ ဧရာမင်း (စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၀၅၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၁၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၉၀၀၀၀၀၊ မှော်ဘီ(၂)(ဟောင်း) ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၀၀၀၀၊ မှော်ဘီ(၂)(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၉၀၀၀၀၀၊ မှော်ဘီ(၂)(သစ်) ဆန် ၂၄ ပြည်ပါတစ်အိတ် လျှင် ကျပ် ၄၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၈၅၀၀၀၀၊ ဆင်းဧကရီ-၃(ဟောင်း)ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၃၆၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၈၅၀၀၀၀၊ ဆင်းဧကရီ-၃(သစ်) ဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၃၆၀၀၀၊ ဧရာမင်း (စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၅၀၀၀၀၊ ဧရာမင်း (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၅၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၁၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၉၀၀၀၊ ပေါ်ဆန်း(စပါး) (ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၂၂၀၀၀၀၀၊ ပေါ်ဆန်း(ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၈၃၀၀၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၀၀၀၀၊ မနောသုခ (စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊ မနောသုခ (ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၄၀၀၀၊ မနောသုခ(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၀၅၀၀၀၀၊ မနော သုခ(ဆန်)(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၁၂၅၀၀၀၀၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၀၀၀၀၊ ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၀၅၀၀၀၀၊ ဧရာမင်း (ဆန်)(သစ် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၅၀၀၀၊ ပေါ်ဆန်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၂၂၅၀၀၀၀၊ ပေါ်ဆန်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၈၀၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၁၆၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၃၀၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးမှအခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ စတုတ္တအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၅၃၁၀၀ အိတ်၊ မကွေးသို့ အိတ်ရေ ၁၀၀၀ အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၉၅၀၀ အိတ်၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၀၀၀ အိတ်၊ ရှမ်း(မြောက်)သို့အိတ်ရေ ၉၀၀၀ အိတ်၊ ကချင်သို့ အိတ်ရေ ၃၀၀၀ အိတ်၊ စုစုပေါင်းအိတ်ရေ (၁၁၆၆၀၀)အိတ်၊ တန်အားဖြင့် (၅၈၃၀)တန်စီးထွက်ခဲ့ပြီး၊ ယခု ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀ အိတ်၊ မန္တလေး သို့ အိတ်ရေ ၇၈၁၀၀ အိတ်၊ မကွေးသို့ အိတ်ရေ ၁၀၀၀ အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၉၅၀၀ အိတ်၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၀၀၀ အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၀၀၀ အိတ်၊ ကချင်သို့ အိတ်ရေ ၂၀၀၀ အိတ်၊ စုစုပေါင်းအိတ်ရေ (၁၄၀၆၀၀)အိတ်၊ တန်အားဖြင့် (၇၀၃၀)တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် အိတ်ရေ (၂၄၀၀၀) အိတ် တန်အားဖြင့် (၁၂၀၀)တန် ပိုမို စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)