မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေ

Powered by Drupal

           မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပြီး၊ စွန်တာနီ/ပြာ တစ်မျိုးသာ ဈေးနှုန်းကျဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးနှုန်း သတင်းများအရ သိရသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၈၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀မှ ၈၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၉၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် ခြောက်ထောင်ကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀မှ ၇၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာတွင် ပဲတစ်တင်းလျှင် ကျပ် ၆၆၅၀၀၊ 929  တစ်တင်းလျှင် ကျပ် ၄၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၂၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၀၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခန့် မှ နှစ်သောင်းကျော်ထိ  ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၃၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းခွဲခန့် လျော့နည်းခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅၀မှ ၇၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ငါးရာခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၁၃၀၀ ဖြစ်ခဲ့ပြီး ယခု နှစ် ဒီဇင်ဘာလတွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၉၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ရှစ်ထောင်ကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀မှ ၈၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၂၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်ပိဿာလျှင် ကျပ် ၅၇၅၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၃၀၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်ပိဿာလျှင် ကျပ် ၅၂၀၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ကျော်မှ သုံးထောင်ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀မှ ၈၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

 

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလတွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၄၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်တင်းလျှင် ကျပ် ၈၄၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၄၇၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်တင်းလျှင် ကျပ် ၈၇၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၄၀၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် တစ်တင်းလျှင် ကျပ် ၇၁၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်မှ လေးသောင်းကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက် လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)