ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်တွင် ဒီဇင်ဘာလ နောက်ဆုံးအပတ်၌ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၃၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၅၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၅၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၃၈၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၆၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၆၀၀)ကျပ် ဖြစ်ပါသည်။
ကျိုင်းတုံမြို့အတွင်းရှိ ဒီဇင်ဘာလ နောက်ဆုံးအပတ် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၉၇၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၁၉၀၀၀) ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ ချာန (သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၂၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (၄၆%) (50)kg တစ်အိတ်လျှင် (၁၃၄၀၀၀)ကျပ်၊ ကွန်ပေါင်း (၁၅ပတ်လည်) (50)kg တစ်အိတ်လျှင် (၁၂၆၀၀၀)ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၂၆၀၀၀)ကျပ် ဖြစ်ပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အတွင်းရှိ ဘိလပ်မြေဈေးနှုန်းများမှာ ယခင် နိုဝင်ဘာလ နောက်ဆုံးအပတ်ထက် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပြီး၊ ဓာတ်မြေဩဇာဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဘိလပ်မြေဈေးနှုန်းနှင့် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင် နိုဝင်ဘာလ နောက်ဆုံးအပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပါကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)