သရက်ခရိုင်၊ ကံမမြို့နယ်၌ မိုးစပါးရိတ်သိမ်းပြီးစီးမှုအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးစပါးများ (၂၄၂၆၂)ဧက စိုက်ပျိုးထားရှိပြီး ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့ထိ (၁၀၀၆၈)ဧက ရိတ်သိမ်းပြီး (၆၆၂၉၆၆)တင်းထွက်ရှိ ကြောင်း၊ (၁)ဧက  အထွက်နှုန်းအနေဖြင့်(၆၅.၈၅)တင်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။

      ကံမမြို့နယ် ပွတ်စုကျေးရွာအုပ်စု၊ ထန်းကောက်ကျေးရွာအုပ်စုသည် ကံမမြို့နယ် အနောက်တောင် ဘက်တွင်ရှိပြီး နှစ်စဉ်နွေစပါး၊ မိုးစပါး၊ ကုလားပဲ၊ နှမ်းသီးနှံများကို စိုက်ပျိုးကြရာ  ယခုနှစ်မိုးစပါးစိုက် တောင်သူများအနေဖြင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မှော်ဘီနှင့် မနောသုခဆန် စပါးမျိုးများသာ အဓိကထား စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

      မိုးစပါးစိုက်ပျိုးရာတွင် မြေပြုပြင်ခြင်းမှ စပြီး စိုက်ပျိုးပြီးသည့်အထိ ကျပ်(၁၂၂၀၀၀)ကုန်ကျ၍ စပါးမျိုး၊ ကွန်ပေါင်းမြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် အားဆေးစသည့် သွင်းအားစု ကုန်ကျ စရိတ်မှာကျပ်(၁၆၅၀၀၀)နှင့် ရိတ်သိမ်းခ ကျပ်(၆၀၀၀၀)ဖြစ်၍စုစုပေါင်း (၁)ဧကကုန်ကျစရိတ်မှာ ကျပ် (၃၄၇၀၀၀)ကုန်ကျပါကြောင်း၊ (၁)ဧကလျှင် စပါး (၆၇)တင်းထွက်ရှိကာ (၁)တင်းလျှင် ကျပ်(၁၄၅၀၀) ရောင်းချရ၍ ဝင်ငွေရရှိမှု ကျပ်(၉၇၁၅၀၀)ဖြစ်၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၆၂၄၅၀၀) ရရှိခဲ့ပါ ကြောင်း၊ ရိတ်သိမ်းပြီးစပါးများကိုပြည်မြို့နှင့် ရွေတောင်မြို့တို့မှ ဝယ်လက်သမားများမှ လယ်ကွင်းထဲ အရောက်လာ၍ ဝယ်ယူကြောင်း မိုးစပါးစိုက်ပျိုးသည့် တောင်သူဦးကျော်ကျော်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)