အကျိုးအမြတ်ဖြစ်ထွန်းနေသော ပြည်မြို့ဒေသထွက် ဒိန်ချဉ်လုပ်ငန်း

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့နယ်တွင် ပွင့်လင်းရာသီဖြစ်သည့်အတွက် အကျိုးအမြတ်ဖြစ်ထွန်းလျက်ရှိသော ဒိန်ချဉ်လုပ်ငန်းမှာ အရောင်းအဝယ်ကောင်းမွန်လျက်ရှိပါသည် ။

        ပြည်မြို့ ၊ နဝဒေးရပ်ကွက် ၊ နီလာလမ်းတွင် ထုတ်လုပ်သော ဒိန်ချဉ်မှာ ပြည်မြို့အနီးတဝိုက်တွင် ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။ ဒိန်ချဉ်ပြုလုပ်ရာတွင် အသုံးပြုရသော ကုန်ကြမ်းမှာ နွားနို့နှင့်သကြား ကုန်ကြမ်းကို ဒေသတွင်း နွားမွေးမြူရေးခြံများမှလည်း ဝယ်ယူသလို ကိုယ်ပိုင်မွေးမြူရေးခြံများမှလည်း ရရှိကြောင်း သိရှိရပါသည်။ လုပ်သားအရေအတွက် ၁၀ ဦးခန့်ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။ ဒိန်ချဉ်ထုတ်လုပ်ရာတွင် ကုန်ကျစရိတ်အနေဖြင့် နွားနို့တစ်ပိဿာလျှင် ဒိန်ချဉ် ၄ ဘူးထွက်ရှိပြီး နွားနို့ တစ်ပိဿာလျှင် ၁၆၀၀ကျပ် ၊ သကြား၂၅ ကျပ်သားလျှင် ၅၀၀ကျပ် ၊ ဘူးဖိုး တစ်ဘူးလျှင် ၁၅၀ ကျပ် ကုန်ကျပြီး လေးဘူးကုန်ကျငွေ ၆၀၀ ကျပ် ၊ အထွေထွေ ကုန်ကျငွေ ၆၅၀ ကျပ်ကုန်ကျသည့်အတွက် နွားနို့တစ်ပိဿာလျှင် စုစုပေါင်းကုန်ကျငွေ ၃၄၅၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ တစ်ရက်လျှင် လုပ်သားတစ်ရက်ပေးချေရမှုမှာ ၅၀၀၀ကျပ်ဖြစ်ကြောင်း သိရှိရပြီး တစ်နေ့လျှင် နွားနို့ပိဿာ ၁၀၀ ၊ ဒိန်ချဉ်ဘူး (၀.၃၅) လီတာဘူး ၄၀၀ ထွက်ရှိကြောင်း သိရှိရပါသည်။ ဒိန်ချဉ်ဘူးများကို ရန်ကုန်တိုင်း ၊ မကွေးတိုင်း ၊ မော်လမြိုင် ၊ မြဝတီနှင့် ‌‌ဒေသတွင်း မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)