ပြည်ဈေးကွက်တွင် ကြက်သွန်ဖြူ(ကြူကုတ်) အရောင်းဖြစ်

Powered by Drupal

      ပြည်ဈေးကွက်တွင် ကြက်သွန်ဖြူ(ရှမ်းစ)များမှာ ဈေးမြင့်နေပါသည်။ ပြည်ဈေးကွက်သို့ တင်ပို့လျက်ရှိသည့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၌ပင် ပစ္စည်းနည်းနေ၍ ပြည်သို့ အဝင်နည်းလျက်ရှိ ခြင်းကြောင့် ဈေးမြင့်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။ တစ်ပတ်လျှင် အိတ် ၅၀ မှ ၁၀၀ အတွင်း သာ အဝင်ရှိပြီး ဈေးနှုန်းအနေဖြင့် ယခင်ပတ်က လက်ကား(ပွဲရုံ)ဈေး ၁ပိဿာလျှင် ၂၅၀၀-၂၈၀၀-၃၂၀၀-၃၆၀၀ ကျပ်၊ လက်လီဈေး ၃၄၀၀-၃၈၀၀ ကျပ်ဈေးရှိခဲ့ပြီး ယခုတစ်ပတ်တွင် လက်ကား (ပွဲရုံ)ဈေး ၁ပိဿာလျှင် ၄၀၀၀-၄၃၀၀-၄၅၀၀ ကျပ်၊ လက်လီဈေး ၄၅၀၀- ၅၀၀၀ ကျပ် ဈေးရှိနေပါကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူ(ကြူကုတ်)မှာ ရှမ်းစများ အဝင်နည်းကာ လက်ကျန်နည်းပြီး ဈေးမြင့်နေသည့်အတွက် ဒေသတွင်းလုပ်ငန်းရှင်များ၊ သုံးစွဲသူများမှ ကြူကုတ်အဝယ်များ ကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်သို့ မန္တလေးမှ တစ်ပတ်အတွင်း အိတ် ၅၀၀ခန့် အဝင်ရှိပြီး ဈေးနှုန်းအနေဖြင့် ယခင်ပတ်က လက်ကား(ပွဲရုံ)ဈေး ၁ပိဿာလျှင် ၃၆၀၀-၃၈၀၀ကျပ်၊ လက်လီဈေး ၃၈၀၀-၄၀၀၀ ကျပ်ဈေးရှိခဲ့ပြီး ယခုတစ်ပတ်တွင် လက်ကား(ပွဲရုံ)ဈေး ၁ပိဿာလျှင် ၃၄၀၀-၃၅၀၀-၃၆၀၀ကျပ်၊ လက်လီဈေး ၄၀၀၀-၄၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)