အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

          အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)  (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၂၁.၁၂.၂၀၂၂)ရက်နေ့တွင် ကျပ်(၂၃၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၂၇.၁၂.၂၀၂၂) ရက်နေ့တွင် လည်း ကျပ်(၂၃၀၀၀၀)၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၀၀၀)ဖြစ်ပြီး ယခုအပတ် တွင်လည်း ကျပ်(၂၂၀၀၀၀)၊ နှမ်းနီနှင့်နှမ်းပြာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၀၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၀၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမဏ အနေ ဖြင့် (၄၅)ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ) (၇၅၀)အိတ်၊ နှမ်းပြာ (၃၂၀) အိတ်၊ နှမ်းဖြူ(၈၅)အိတ်၊ နှမ်းနီ(၁၁၀)အိတ်တို့ အရောင်း အဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

          ပဲမျိုးစုံဈေးကွက်တွင် (၂၀)ပိဿာ (၁)တင်းလျှင် ပဲတီစိမ်းမှာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၄၇၅၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၄၇၅၀၀)၊ မတ်ပဲ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၄၅၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်းကျပ်(၅၄၅၀၀)၊ ဘိုကိတ်ပြာ (ဆောင်းသစ်) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၃၈၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်းကျပ်(၃၈၀၀၀)ဖြစ်၍ဈေးနှုန်းပြောင်းလဲမှု မရှိကြောင်းနှင့် ကုလားပဲ(HL)မှာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၆၂၀၀၀) ဖြစ်ပြီး ယခုအပတ် တွင်ကျပ်(၆၄၀၀၀) ဖြစ်၍ ကျပ်(၂၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) (၁)အိတ်လျှင် ယခင် အပတ်တွင် ကျပ်(၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်ကျပ်(၆၂၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀) ဈေးမြင့်ခဲ့ ကြောင်း၊  ပဲကြီး(၁)အိတ်လျှင် ယခင်အပတ်တွင်ကျပ်(၇၄၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၅၀၀၀) ဖြစ်၍ ကျပ်(၁၁၀၀၀)စသည်ဖြင့်အသီးသီးဈေးမြင့်ခဲ့ပါသည်။ ပဲစဉ်းငုံ(နီ)(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၄၁၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၄၀၀၀)ဖြစ်၍ ကျပ်(၁၀၀) ဈေးလျော့ခဲ့ကာ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်ဖြင့် ပဲတီစိမ်း(၉၀၀)အိတ်၊ ပဲစဉ်းငုံ(နီ) (၃၂၀၀) အိတ်၊ မတ်ပဲ(၂၈၀) အိတ်၊ ကုလားပဲ(HL) (၇၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၆၅၀)အိတ်၊ ဘိုကိတ်ပြာ(၂၀၀) အိတ်နှင့် ပဲကြီး(၄၅၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။

 မြေပဲလုံးဆံ(ဖြူ)မှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၄၉၀၀)ဖြစ်ပြီး ယခုအပတ် တွင်လည်း ကျပ်(၄၉၀၀)၊ မြေပဲလုံးဆံ(နီ)  ယခင်အပတ်တွင် ကျပ်(၆၁၀၀)ဖြစ်ပြီး ယခုအပတ်တွင် လည်း ကျပ်(၆၁၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ မြေပဲတောင့်အစို တစ်တင်းလျှင် ယခင်အပတ် တွင် ကျပ်(၂၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၀၅၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်ခဲ့ပြီး အရောင်း အဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ(နီ) (၃၀)ပိဿာဝင် အိတ်(၂၇၀)၊ မြေပဲလုံးဆံ(ဖြူ) အိတ်(၃၂၀) နှင့် မြေပဲတောင့်အစို တင်း(၁၉၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

          ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၂၈၀၀)ဖြစ်ပြီး ယခု အပတ်တွင် ကျပ်(၂၇၅၀)ဖြစ်၍ ကျပ်(၅၀)ဈေးလျော့ခဲ့ပြီး ဝါပိဿာချိန်(၁၈၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)