“သိမ်ဖြူဈေးတွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီလက်ကားဈေး”

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ ၈.၁၂.၂၀၂၂ မှ ၁၄.၁၂.၂၀၂၂ ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၄၁၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၄၉၅၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၄၇၀၀ ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၃၄၀၀ ကျပ်မှ ၃၈၀၀ ကျပ်ထိ၊ ၁၅.၁၂.၂၀၂၂ မှ ၂၁.၁၂.၂၀၂၂ ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၅၂၀၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၁၁၂၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ (ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၇၀၀ ကျပ်မှ ၃၇၀၀ ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၃၈၀၀ ကျပ်ထိရှိခဲ့ပြီး ၂၂.၁၂.၂၀၂၂ မှ ၂၈.၁၂.၂၀၂၂ ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၃၁၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၁၀၀၅၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၃၂၀၀ ကျပ်မှ ၃၅၀၀ ကျပ်ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၃၈၀၀ ကျပ်ထိရှိပြီး ကြက်သွန်နီအသစ်များ ထွက်ပေါ်လျက်ရှိပြီး ဈေးနှုန်း အနည်းငယ် အတက်အကျ ဖြစ်လျက်ရှိကြောင်း၊ ကြက်သွန်ဖြူဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်းနှင့် တနင်္ဂနွေနေ့တွင် ကုန်အဝင်မရှိကြောင်း ဈေးတာဝန်ခံရုံးမှ သိရှိရပါသည်။

DOCA - YGN