အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသည့် စက်သုံးဆီများအပေါ် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနေသည့် စက်သုံးဆီအရောင်းဆိုင်များကို စားသုံးသူရေးရာဦးစီး ဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ နေ့စဉ်ဈေးနှုန်းကောက်ခံ၍ တိုင်းဦးစီးမှူးရုံးသို့ ပေးပို့လျက်ရှိရာ ၂၄.၁2.2022 ရက်နေ့တွင် ခရိုင်ဦးစီးမှူးဦးဆောင်၍ တာဝန်ရှိသူများသည် အမှတ် (1၁၈၄/အေ)၊ ပဲခူးမြစ်လမ်း၊ (၉၁)ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရွှေဗျိုင်းဖြူစက်သုံးဆီ အရောင်းဆိုင် (ဒဂုံဆိပ်ကမ်း) အသစ် ထပ်မံဖွင့်လှစ်ရောင်းချသည့် စက်သုံးဆီဆိုင်သို့ သွားရောက် စစ်ဆေးများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ် က စက်သုံးဆီအရောင်းဆိုင်တာဝန်ခံနှင့် ဆိုင်ဝန်ထမ်းများကို တွေ့ဆုံရာ၌ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် ကုန်စည်နှင့် ဝန်ဆောင်မှု များ ဆောင်ရွက်ရာတွင် လိုက်နာရမည့်ကုန်စည်၏ အရည်အသွေးနှင့် စံသတ်မှတ်ချက်များပေါ် အာမခံချက်ပေးခြင်း၊ စားသုံးသူများအားခွဲခြားမှုမရှိ၊ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ ကုန်စည်၏ အချိန် အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်စွာ ဆောင်ရွက်ပေးခြင်း၊ စက်သုံးဆီပြတ်လပ်မှုမရှိ၊ ပုံမှန်ဖွင့်လှစ် ရောင်းချပေးနိုင်ရေးနှင့် ပြေစာအထောက်အထားများကို စနစ်တကျထားရှိခြင်း စသည့်စားသုံးသူ ကာကွယ်ရေးဥပဒေတွင်ပါရှိသည့် ပြစ်မှုပြစ်ဒါဏ်များကိုပါ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA - YGN