ပြည်မြို့တွင် ဒီဇင်ဘာလအတွင်း အခြေခံစားကုန်ဈေးနှုန်းများမှာ ကြက်သွန်နီအသစ် အလတ်စ တစ်ပိဿာလျှင် ၂၆၀၀-၂၈၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၅၀၀၀ ကျပ်၊ ငရုတ်ခြောက်ရှည် တစ်ပိဿာလျှင် ၂၄၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂၈၀၀-၃၀၀၀ကျပ်၊ မန်ကျည်းမှည့်တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
သားငါးဈေးများမှာ (CP)ကြက်တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင်၁၀၀၀၀-၁၂၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်
စားသုံးဆီဈေးမှာ မြေပဲဆီဈေးအနည်းငယ်ကျလာပြီး ယခင်ကတစ်ပိဿာလျှင် ၁၁၅၀၀-၁၂၀၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၅၀၀ကျပ်ထိ ဈေးကျလာခဲ့ပါသည်။ နှမ်းဆီဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး စားအုန်းဆီ တစ်ပိဿာလျှင် ယခင်က ၆၅၀၀ကျပ်မှ ယခုအပတ်တွင် ၅၄၀၀ကျပ်ထိ ဈေးကျလာပါသည်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တချို့သာဈေးအနည်းငယ် ကျလာပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)