တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစျေးနှုန်းတည်ငြိမ်လျက်ရှိ

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၅၁၇၇၇)ဧက၊ အစေးလှီး ဧရိယာမှာ (၁၉၃၂၇၅)ဧက၊ အထွက်နှုန်းမှာ (၁၀၂.၈၃)ပေါင် ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၉၀၁၅) မက်ထရစ်တန် ရှိကြောင်း သိရှိရပါသည်။ မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅ ) မျိုး ရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 ( ၂ )မျိုးသာ အဓိက အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ယခင်နှစ်ထက် ယခုနှစ်မှာ ရော်ဘာ ဈေးကောင်း ပိုရလျက်ရှိပြီး ယခုအပတ်တွင် ရော်ဘာစျေးနှုန်းမှာ  RSS-3 တစ်ပေါင်လျှင် (၁၃၀ဝိ/-) ခန့်၊ RSS-5 တစ်ပေါင် လျှင် (၁၂၀ဝိ/-)ခန့် ဈေးနှုန်းရှိပြီး ယခင်နှစ် အလားတူကာလတွင် RSS-3 တစ်ပေါင်လျှင် (၉၆ဝိ/-) ကျပ်နှင့် RSS-5 တစ်ပေါင်လျှင် (၉၀ဝိ/-)ကျပ်ပေါက်စျေးရှိကြောင်းစုံစမ်းသိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီးထားဝယ်တွင် ရာဘာစျေးနှုန်းအနေဖြင့် တောင်သူများ တွက်ခြေကိုက်လျက်ရှိသောကြောင့် ရာဘာအစေးခြစ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက စျေးနှုန်းတည်ငြိမ်လျက်ရှိ၍ အရောင်းအဝယ်မှာ ပုံမှန်ရှိပြီး ရာဘာကို ထားဝယ်မှ ရန်ကုန်သို့ လည်း ကောင်း၊ ထားဝယ်မှ မုဒုံသို့လည်းကောင်း တင်ပို့လျက်ရှိပြီး သယ်ယူပို့ဆောင်ခ(ကားခ) မှာ တစ်ပိဿာလျှင် (၁ဝဝိ/-)ကျပ် ပေးဆောင်ရကြောင်းကုန်သည်တစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)