ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲများမှာ ဒီဇင်ဘာ နောက်ဆုံးပတ်တွင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံဈေးမှာကျနေပြီး ကုလားပဲဈေးမှာတက်နေကြောင်း သိရှိရပါသည်။ ယခင်နှစ်နှင့်ယခုနှစ် ဒီဇင်ဘာနောက်ဆုံးပတ် ပဲဈေးများကိုနှိုင်းယှဉ်ကြည့်လျှင် ယခင်နှစ်က ပဲဈေးမှာ ယခုနှစ်လောက် ဈေးကောင်းမရကြောင်း သိရှိရပါသည်။
ပြည်ကုန်စည်ဒိုင် ယခုနှစ် စတုတ္တပတ်တွင် မတ်ပဲတစ်တင်းကို ၅၆၀၀၀-၅၅၇၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် အဝင်ရှိပြီး လှောင်သမားနှင့်ရန်ကုန်အဝယ်ရှိပါသည်။ ပဲသစ်များ ပေါ်နေပြီဖြစ်၍ ပဲဟောင်းများ ထုတ်ရောင်းသူ များနေပါသည်။ ယခင်နှစ်ကဒီဇင်ဘာ စတုတ္တပတ်တွင် မတ်ပဲဈေးတစ်တင်းကို ၅၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ယခုနှစ်ပဲတစ်တင်းကို ၆၀၀၀၀ ကျပ်ခန့် ဈေးပိုရခဲ့ကြောင်း သိရှိရပါသည်။
ပြည်ကုန်စည်ဒိုင်တွင် ယခုနှစ်ဒီဇင်ဘာ စတုတ္တပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၄၆၀၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ရက်ကိုအိတ် ၇၀၀/၈၀၀ခန့် ရန်ကုန်နှင့် မန္တလေးသို့တင်ပို့မှု ရှိခဲ့ပါသည်။ ယခင်နှစ်က ဒီဇင်ဘာစတုတ္တပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၄၄၅၀၀ကျပ်ဖြင့် မန္တလေး ဝယ်လက်ရှိခဲ့ပြီး ယခုနှစ်ဈေးမှာ ယခင်နှစ်ထက် ၁၅၀၀ကျပ် ဈေးပိုရခဲ့ပါသည်။
ဒီဇင်ဘာစတုတ္တပတ်၏ ပဲစင်းငုံ ယခုနှစ်ဈေးမှာ ပဲတစ်တင်းကို ၅၅၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် ပန်းတောင်းနှင့် ကံမဘက်မှ ပြည်သို့ ပဲသစ်များ အဝင်ရှိခဲ့ပါသည်။ အရောင်းအဝယ်မှာ ရန်ကုန်ဝယ်လက် တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ်ဒီဇင်ဘာ စတုတ္တပတ်တွင် ပဲစင်းငုံတစ်တင်းကို ၂၉၀၀၀ကျပ်ဖြင့် အဝယ်ရှိပြီး ယခုနှစ်ဈေးမှာ ၂၆၀၀၀ကျပ်ခန့် ဈေးပိုရခဲ့ကြောင်း သိရှိရပါသည်။
ယခုနှစ် ဒီဇင်ဘာလ စတုတ္တပတ် ကုလားပဲ(HL) တစ်တင်း ၆၅၅၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၃၀၀/၄၀၀ခန့် ခွဲစက်သမားများနှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ကုလားပဲ လက်ကျန်လည်း နည်းနေပြီဖြစ်၍ ပဲဈေးမှာ တက်နေပြီး အရောင်းအဝယ်မှာ သွက်လျက်ရှိပါသည်။ ယခင်နှစ်ကုလားပဲ (HL)ဈေးမှာ တစ်တင်းကို ၃၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခုနှစ်ထက် ၃၅၀၀၀ကျပ်ခန့် ဈေးပိုမြင့်ခဲ့ပါသည်။
ပြည်ကုန်စည်ဒိုင်၏ ယခုနှစ်ဒီဇင်ဘာ စတုတ္တပတ်မှာ ဘိုကိတ်ပဲဈေးတစ်တင်းကို ၄၀၀၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ်ရှိခဲ့ပြီး တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် ဒီဇင်ဘာ စတုတ္တပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၂၉၅၀၀ကျပ်ဖြင့် မြို့တွင်း အဝယ် ရှိခဲ့ပါသည်။ ယခင်နှစ်နှင့် ယခုနှစ် ဒီဇင်ဘာစတုတ္တပတ် ဘိုကိတ်ပဲဈေးမှာ တစ်တင်းကို ၁၀၅၀၀ခန့် ဈေးပိုခဲ့ကြောင်း သိရှိရပါသည်။
ပြည်ကုန်စည်ဒိုင်၏ ယခင်နှစ်က ပဲမျိုးစုံဈေးမှာ ယခုနှစ်လောက် ဈေးမကောင်းကြောင်း သိရှိရပါသည်။ ပဲအရောင်းအဝယ်ဖြစ်မှုမှာလည်း ယခုနှစ်ဒီဇင်ဘာ စတုတ္တပတ်က အရောင်းအဝယ် ပိုကောင်းကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)