ဝမ်းတွင်းချည်ထည်လုပ်ငန်းဈေးကွက် မြှင့်တက်လျက်ရှိ

Powered by Drupal

          မိတ္ထီလာခရိုင်  ဝမ်းတွင်းမြို့နယ် ဝမ်းတွင်း၊ လျော်ပင်၊ တမာကုန်း၊ သဲတော‌ ကျေးရွာများတွင် ချည်ထည်လုပ်ငန်းကို ဒေသထွက်ကုန်တစ်မျိုးအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ကုန်ကြမ်း ချည်များကို မန္တလေးမှ တရုတ်ချည်၊ အိန္ဒိယချည်များဝယ်ယူထုတ်လုပ်လျက်ရှိပြီး ထွက်ရှိသော အထည်များကို ရန်ကုန်၊ မန္တလေးသို့ အဓိကထားတင်ပို့ပြီး အခြားမြို့များသို့လည်းတင်ပို့ ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

          အမျိုးသမီးဝတ်လုံချည်/ အမျိုးသားဝတ်ပုဆိုး အဆင့်မြင့်နှင့် အမျိုးသား / အမျိုးသမီးဝတ် ရိုးရိုး၊ အင်္ကျီစများကို ထုတ်လုပ်ရောင်းချကြရာ ယခုနှစ် ဒီဇင်ဘာလတွင် စျေးကွက်တွင် ဖြစ်ပေါ် နေသော ဈေးနှုန်းများမှာ အမျိုးသားဝတ်အဆင့်မြင့်ပုဆိုး တစ်ကွင်းလျှင်(၈၀၀၀)ကျပ်၊ အမျိုးသမီး ဝတ်အဆင့်မြင့်လုံချည် တစ်ကွင်းလျှင် (၁၀၀၀၀)ကျပ်၊ အမျိုးသားဝတ် ရိုးရိုးပုဆိုးတစ်ကွင်းလျှင် (၆၅၀၀)ကျပ်၊ အမျိုး သမီးဝတ် ရိုးရိုးလုံချည် တစ်ကွင်းလျှင် (၃၅၀၀)ကျပ်၊ အင်္ကျီစ တစ်ကိုက်လျှင် (၃၀၀၀)ကျပ်၊ ယခင်နှစ် ဒီဇင်ဘာလတွင် အမျိုးသားဝတ် အဆင့်မြင့်ပုဆိုး တစ်ကွင်းလျှင် (၅၀၀၀) ကျပ်၊ အမျိုးသမီးဝတ် အဆင့်မြင့်လုံချည် တစ်ကွင်းလျှင် (၈၀၀၀)ကျပ်၊ အမျိုးသားဝတ် ရိုးရိုးလုံချည် တစ်ကွင်းလျှင် (၃၅၀၀) ကျပ်၊ အမျိုးသမီးဝတ် ရိုးရိုးလုံချည် တစ်ကွင်းလျှင် (၂၅၀၀)ကျပ်၊ အင်္ကျီစ တစ်ကိုက်လျှင် (၂၀၀၀) ကျပ် ဈေးရှိခဲ့ပြီး  ယခင်နှစ်နှင့် ယခုနှစ် နှိုင်းယှဉ်ပါက အမျိုးသားဝတ် အဆင့်မြင့်ပုဆိုး တစ်ကွင်းလျှင် (၃၀၀၀)ကျပ်၊ အမျိုးသမီးဝတ် လုံချည် တစ်ကွင်းလျှင် (၂၀၀၀)ကျပ်၊ အမျိုး သားဝတ် ရိုးရိုးပုဆိုး တစ်ကွင်းလျှင် (၃၀၀၀)ကျပ်၊ အမျိုးသမီးဝတ် ရိုးရိုးလုံချည်တစ်ကွင်းလျှင် (၁၀၀၀)ကျပ်၊ အင်္ကျီစတစ်ကိုက်လျှင်(၁၀၀၀)ကျပ်ခန့် ဈေးနှုန်း မြှင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့် တက်လာရခြင်းမှာ ကုန်ကြမ်းဈေးနှုန်း၊ သယ်ယူစရိတ် မြှင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)