ပြည်ငရုတ်သီးခြောက် ပုံမှန်အရောင်းအဝယ်ဖြစ်

Powered by Drupal

        ပြည်ဈေးကွက်သို့ ငရုတ်သီးခြောက်များကို ပျဉ်းမနား၊ သာစည်၊ မိတ္ထီလာနှင့် ရှမ်းပြည်နယ် အောင်ပန်းဘက်မှ တစ်ပတ်လျှင် ပိဿာ(၂၀)ဝင်ဆံ့အိတ် ၁၅၀/၂၀၀ခန့် အဝင်ရှိပါသည်။ ပြည်ခရိုင်အနေဖြင့် ငရုတ်ခြောက်စိုက်ဧကမှာ ၂၅၃ဧကရှိပြီး ပေါက်ခေါင်းမြို့နယ်တွင် ၄၉ဧက၊ ပန်းတောင်း မြို့နယ်တွင် ၁၁၂ဧက၊ ရွှေတောင်မြို့နယ်တွင် ၉၂ဧက စိုက်ပျိုးပြီး ပြည်မြို့နယ် တစ်ခုသာ စိုက်ပျိုးမှုမရှိကြောင်း တွေ့ရှိရပါသည်။ ပြည်ခရိုင်အတွင်းထွက်ရှိသော ငရုတ်သီးခြောက်များမှာ ဒေသတွင်းသာ အနည်းငယ်အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ အခြားတိုင်းများမှ ဝင်ရောက်လာသော ငရုတ်သီးခြောက်များကို ပွဲရုံများတွင် လက်လီ/လက်ကား အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ငရုတ်သီး ခြောက်ဈေးနှုန်းများမှာ ပွဲရုံလက်ကားဈေးတစ်ပိဿာလျှင် ၁၅၀၀၀-၁၈၀၀၀ကျပ် နှင့် လက်လီ ဈေးမှာတစ်ပိဿာလျှင် ၂၂၀၀၀-၂၄၀၀၀-၂၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)