ပြည်မြို့၏ကုန်စိမ်းဈေးနှုန်း/ဈေးကွက်

Powered by Drupal

      ပြည်မြို့ ကုန်စိမ်းဈေးကွက်အတွင်းသို့ အောင်ပန်းနှင့် တောင်ကြီးဘက်မှ ဂေါ်ဖီထုတ်နှင့် ပန်းဂေါ်ဖီများ ရက်ခြားဝင်ရောက်မှုရှိ၍ ဂေါ်ရခါးသီးကို မေမြို့ဘက်မှ ဝင်ရောက်ကြောင်း သိရှိရပါသည်။ ကုန်စိမ်းဈေးနှုန်းများအနေဖြင့် ဂေါ်ရခါးညွှန့်(၁)စီးလျှင် ၅၀၀ကျပ်၊ ကိုက်လန် (၁)စီး လျှင် ၅၀၀ကျပ်၊ ထိုင်ဝမ်မုန့်ညင်း(၁)စီးလျှင် ၃၀၀ကျပ်၊ ပန်းဂေါ်ဖီစိမ်းတစ်ပွင့်လျှင် ၇၀၀ကျပ်၊ ယိုးဒယား အပ်မှို(၁)ထုတ်လျှင် ၂၀၀၀ကျပ်၊ ကြာစွယ်တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ နှစ်တစ်ရာသီး(၁)ထုတ်လျှင် ၂၂၀၀ကျပ်၊ ဂျပန်တိုဟူးတစ်ထုတ်လျှင် ၇၀၀ကျပ်၊ ယိုးဒယားဥနီ (၁)ပိဿာလျှင် ၄၀၀၀ကျပ်၊ ဗမာဥနီ(၁)ပိဿာလျှင် ၂၅၀၀ကျပ်၊ ရွှေပဲသီး (၁)ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ ဗိုလ်ပဲ တစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ဂေါ်ရခါးသီး(၁)လုံးလျှင် ၂၀၀ကျပ်၊ ငရုတ်ပွ (၁)ပိဿာ လျှင် ၆၀၀၀ကျပ်၊ မုံညင်း (၁)ပိဿာလျှင် ၁၄၀၀ကျပ်၊ ပန်းဂေါ်ဖီပွင့်(၁)ပွင့်လျှင် ၆၀၀ကျပ်၊ ဂေါ်ဖီထုတ်(၁)ထုတ်လျှင် ၁၀၀၀ ကျပ် နှင့် တရုတ်နံနံ (၁)စီးလျှင် ၅၀၀ကျပ်တို့ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)