ရွှေဘိုမြို့၏ ကြက်သွန်နီ(အသစ်) ဈေးနှုန်းတည်ငြိမ်

Powered by Drupal

            စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် တင်ပြလျက်ရှိပါသည်။

          ယခု ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ရွှေဘိုမြို့ စည်ပင်သာယာဈေးအတွင်းရှိ ပွဲရုံများ၌ ကြက်သွန်နီအဟောင်းများ လက်ကျန်မရှိတော့ဘဲ ကြက်သွန်နီအသစ်များမှာ မိမိတို့ဒေသတွင်းဖြစ်သော ခင်ဦးမြို့နယ်နှင့် ရွှေဘိုမြို့နယ်ရှိ  ကျေးရွာများမှ စိုက်ပျိုးကြသော ကြက်သွန်နီအသစ်များ လှိုင်လှိုင်ပေါ်နေပြီဖြစ်ကြောင်း  ကြက်သွန်နီရောင်းချသော ပွဲရုံတစ်ခုမှ သိရသည်။

          ရွှေဘိုမြို့သို့ ကြက်သွန်နီအသစ်များ  နေ့စဉ် ပိဿာ ၅၀၀၀မှ ၇၀၀၀ကြားခန့် ဝင်ရောက်လျက် ရှိပြီး လက်လီ အကြီး တစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ အသေး တစ်ပိဿာလျှင် ၁၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

          ကြက်သွန်နီ အသစ် လက်လီ အကြီးတစ်ပိသာလျှင်  ဒီဇင်ဘာလ ပထမပတ်တွင် ၃၇၀၀ကျပ်၊ ဒုတိယပတ်တွင်  ၃၂၀၀ကျပ်၊ တတိယပတ်တွင် ၂၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ပုံမှန်သာဖြစ်ခဲ့ပြီး ယခု ဒီဇင်ဘာလ နောက်ဆုံးပတ်တွင်လည်း ကြက်သွန်နီ အသစ် လက်လီ အကြီး တစ်ပိဿာလျှင် ၂၅၀၀ကျပ်နှုန်းဖြင့် တတိယပတ် ဈေးနှုန်းအတိုင်း ဈေးနှုန်းတည်ငြိမ်လျက် အရောင်းအဝယ်သွက်နေကြောင်း ၊ရွှေဘိုမြို့ စည်ပင်သာယာဈေးအတွင်းရှိ ကြက်သွန်နီပွဲရုံများမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)