စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များနှင့် ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။
ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း နှမ်းနက်နှင့် ပဲစဉ်းငုံများမှား အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ နှမ်းနက်တစ်တင်းလျှင် အနိမ့်ဈေး(၈၁၅၀ဝိ/-)ကျပ်နှင့် အမြင့်ဈေး(၈၃၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀)တင်း/(၂၂)တန်ဖြစ်ကြောင်း၊ ပဲစဉ်းငုံတစ်တင်းလျှင် အနိမ့်ဈေး(၅၂၀၀ဝိ/-)ကျပ်နှင့် အမြင့်ဈေး(၅၄၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၇၅၀)တင်း/(၁၂၂)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်မှုကိုနှိုင်းယှဉ်ပါက ယခင်အပတ်တွင် နှမ်းနက်တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲစဉ်းငုံမှာ ယခုအပတ်မှသာ စတင်၍အရောင်းအဝယ်ဖြစ်ခဲ့ကြာင်း၊ နှမ်းနက်အရောင်းအဝယ်ဖြစ်မှုမှာ ယခင်အပတ်အောက် (၅၁၀၀)တင်း/(၁၂၅)တန်လျော့နည်းခဲ့ကြောင်း၊ အရောင်းအဝယ်ဖြစ်မှုလျော့နည်းရခြင်းမှာ နှမ်းနက်များသည် နိုဝင်ဘာလမှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်လာသဖြင့် တောင်သူများလက်ဝယ်တွင် လက်ကျန်နည်းပါးမှုကြောင့်ဖြစ်နိုင်ကြောင်းနှင့် မကြာမီတွင် ပဲတီစိမ်းများလည်း စတင်ဝင်ရောက်တော့မည်ဖြစ်ကြောင်း၊ ယခုလက်ရှိ အရောင်းအဝယ်ဖြစ်နေသည့် နှမ်းနက်နှင့် ပဲစဉ်းငုံများကို မန္တလေးဈေးကွက်နှင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း ပဲ၊ နှမ်းကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။
DOCA(စစ်ကိုင်း)