မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေ

Powered by Drupal

   မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်၏ ကာလတူဈေးထက် ယခုနှစ်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများမှာ ဈေးပိုကောင်းလျက်ရှိပြီး၊ စွန်တာနီ/ပြာနှင့် ထောပတ်ပဲများသာ ဈေးနှုန်းကျဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးနှုန်း သတင်းများအရသိရပါသည်။

မတ်ပဲ

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၏ ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ အိတ် မှ ၅၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

ပဲစဉ်းငုံ

        မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၆၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၃၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၄၀ အိတ်မှ ၇၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

ပဲတီစိမ်း

        မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်သောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ အိတ် မှ ၅၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

ကုလားပဲ

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၇၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၄၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၃၃၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ် ၄၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၁၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၇၀ အိတ် မှ ၁၀၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

စွန်တာနီ/ပြာ

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခန့်လျော့နည်းခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ အိတ်မှ ၅၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

ထောပတ်ပဲ

         မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် နှစ်ထောင်ခန့်လျော့နည်းခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ အိတ်မှ ၃၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

အစေ့ထုတ်ပြောင်း

        မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၁၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၂၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ရှစ်ထောင်ကျော်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ အိတ်မှ ၈၀ အိတ်ခန့်အထိ အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

မြေပဲဆံသီးနှံ

        မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ် ၂၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၅၇၅၀၊ မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ် ၃၀၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၅၁၅၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ကျော်မှ သုံးထောင်ကျော်အထိပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ အိတ်မှ ၅၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

နှမ်းမျိုးစုံသီးနှံ

         မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် နှမ်းနက်တစ်တင်းလျှင် ကျပ် ၅၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ် ၈၂၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၄၅၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ် ၈၇၅၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၄၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ် ၇၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲကျော်မှ လေးသောင်းကျော်အထိပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၈၀ အိတ်မှ ၁၀၀ အိတ်ခန့်အထိအရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)