အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ) (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၂၈.၁၂.၂၀၂၂)ရက်နေ့တွင် ကျပ်(၂၃၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၃.၁.၂၀၂၃) ရက်နေ့တွင်လည်း ကျပ်(၂၃၀၀၀၀)၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၂၀၀၀၀)၊ နှမ်းနီနှင့်နှမ်းပြာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၀၀၀၀၀)ဖြစ်ပြီး ယခုအပတ် တွင်လည်း ကျပ်(၂၀၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမဏအနေဖြင့် (၄၅) ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ) (၇၅၀)အိတ်၊ နှမ်းပြာ(၃၀၀)အိတ်၊ နှမ်းဖြူ(၉၀)အိတ်၊ နှမ်းနီ (၁၃၀) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
ပဲမျိုးစုံဈေးကွက်တွင် (၂၀)ပိဿာ (၁)တင်းလျှင် ဘိုကိတ်ပြာ (ဆောင်းသစ်) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၃၈၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၃၈၀၀၀)၊ ကုလားပဲ(မြကြေး) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၆၂၀၀၀)ဖြစ်ပြီး ယခုအပတ် တွင်လည်းကျပ်(၆၂၀၀၀)၊ ပဲကြီး (၁)အိတ်လျှင် ယခင်အပတ်တွင်ကျပ်(၈၅၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၈၅၀၀၀) ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ ပဲတီစိမ်းမှာ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၄၇၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၆၅၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ မတ်ပဲ(၁)အိတ်လျှင် ယခင် အပတ်တွင် ကျပ်(၅၄၅၀၀)ဖြစ်ပြီး ယခုအပတ်တွင်ကျပ်(၅၃၅၀၀)ဖြစ်၍ ကျပ်(၁၀၀၀)စသည်ဖြင့် အသီးသီး ဈေးလျော့ခဲ့ပါသည်။ ကုလားပဲ(HL)မှာ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၆၄၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်ကျပ်(၆၅၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ)(၁)အိတ်လျှင် ယခင် အပတ်တွင် ကျပ်(၅၄၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၄၇၀၀)ဖြစ်၍ ကျပ်(၇၀၀) ဈေးမြင့် ခဲ့ကာ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်ဖြင့် ပဲတီစိမ်း(၁၁၅၀)အိတ်၊ ပဲစဉ်းငုံ(နီ) (၃၈၀၀) အိတ်၊ မတ်ပဲ(၂၂၀) အိတ်၊ ကုလားပဲ(HL) (၇၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၅၅၀)အိတ်၊ ဘိုကိတ်ပြာ(၈၀) အိတ်နှင့် ပဲကြီး(၅၅၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။
မြေပဲလုံးဆံ(ဖြူ)မှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၄၉၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၈၂၅)ဖြစ်၍ (၇၅)ကျပ်ဈေးလျော့ခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ) ယခင်အပတ်တွင် ကျပ်(၆၁၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၈၀၀)ဖြစ်၍ ကျပ်(၃၀၀)ဈေးလျော့ခဲ့ကြောင်း၊ မြေပဲတောင့်အစို တစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၂၀၅၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၀၅၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ(နီ) (၃၀)ပိဿာဝင် အိတ် (၂၇၀)၊ မြေပဲလုံးဆံ(ဖြူ) အိတ်(၄၈၀) နှင့် မြေပဲတောင့်အစို တင်း(၂၇၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ ကြောင်း သိရှိခဲ့ရပါသည်။
ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၂၇၅၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၇၅၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဝါပိဿာချိန်(၂၃၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA (မကွေး)