ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်တွင် ပဲစဉ်းငုံနှင့် မတ်ပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့်စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

     ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် ဇန်နဝါရီလပထမပတ်အတွင်း ပဲစဉ်းငုံနှင့်မတ်ပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲစဉ်းငုံမှာ ဒီဇင်ဘာလနောက်ဆုံးပတ်မှစတင်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအချိန်တွင် လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း၊ မတ်ပဲမှာ ယခုအပတ်မှစတင်၍ ဝင်ရောက် လာကြောင်း၊ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများမှာ ပဲစဉ်းငုံတစ်တင်းလျှင် (၅၅၀၀ဝိ/-)ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၂၄၀၀၀) တင်း/ (၇၈၄)တန်ဖြစ်ကြောင်း၊ ပဲစဉ်းငုံတစ်တင်း၏ ယခင်အပတ် ပေါက်ဈေးမှာ(၅၄၀၀ဝိ/-)ရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် တစ်တင်းလျင်(၁၀၀ဝိ/-) ဈေးမြင့်ခဲ့ကြောင်း၊ မတ်ပဲတစ်တင်းလျှင် (၅၃၀၀ဝိ/-)ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၀၀၀)တင်း/ (၉၈)တန်ဖြစ်ကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ သီးနှံပေါက်ဈေးများမှာ မန္တလေး ဈေးကွက်ကို အခြေခံ၍ရောင်း၊ ဝယ်ကြကြောင်းနှင့် ယခုအပတ်အတွင်း ကုန်စည်ဒိုင်သို့ဝင်ရောက်ခဲ့သော သီးနှံများမှာ ဝင်ရောက်သလောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)