ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြရာ ရပ်ကွက်(၁၂)ရှိ ဦးစံအွန် ပျံလွှားကြက်ဥမရွေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို မေးမြန်းခဲ့ပါသည်။
ပျံလွှားကြက်ဥမရွေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး လုပ်ငန်းလုပ်ကိုင်ခဲ့သည်မှာ (၁၀)နှစ်ကျော်ခန့်ရှိခဲ့ပြီဖြစ်ကြောင်း၊ မရွေးပြုလုပ်ရာတွင် ပါဝင်သည့် ကုန်ကြမ်းများမှာ၊ ဂျုံ၊ သကြား၊ ကြက်ဥ၊ ဆီတို့ဖြစ်ကြောင်း၊အလုပ်သမား(၄)ဦးနှင့် မိသားစု လုပ်ကိုင်ဆောင်နေကြောင်း သိရှိရပါသည်။
ဈေးကွက်ဈေးနှုန်းအနေဖြင့်မရွေးထုတ်သေး(၈)ခုပါအထုပ်(၁)ထုပ်ကိုဖောက်သည်ဈေး ၁၂၀၀ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိဈေးဆိုင်များနှင့် လောက်ကိုင်မြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ကြက်ဥမရွေး ၏အရသာမှာ နူးညံ့ပြီး စား၍ကောင်းမွန်သဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။
ကြက်ဥမရွေးလုပ်ငန်းသည် တစ်ပိုင်တစ်နိုင် အိမ်တွင်းမှုစီးပွားရေးလုပ်ငန်းဖြစ်သည့်အတွက် မိသားစုဝင်ငွေတိုးပွားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဖြစ်၍ ပြည်တွင်းကုန်သွယ်မှုလဲ ဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ပါကြောင်း လေ့လာသိရှိရပါသည်။
DOCA(ရှမ်း)