ကံမမြို့နယ်ရှိ ပဲတီစိမ်းနှင့် မတ်ပဲဈေးနှုန်းအခြေအနေ

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တောင်ချောင်းဘက်ရှိ ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ပဲတီစိမ်းသီးနှံမှာ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ပိဿာ(၃၀)ဝင် (၁)အိတ်လျှင် ကျပ်(၆၀၀၀၀)ဈေးဖြင့် နေ့စဉ်ဝင်ရောက်လျှက်ရှိကြောင်း၊ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် (၁)အိတ်လျှင် အနိမ့်ဆုံးဈေးမှာ ကျပ်(၅၈၅၀၀)မှ အမြင့်ဆုံးဈေး ကျပ်(၇၃၅၀၀) ထိဖြစ်ပြီး လက်ကျန်ပဲများ ဝင်ရောက်လျက်ရှိကြောင်း၊  မတ်ပဲသီးနှံမှာ ပိဿာ(၃၀)ဝင် (၁)အိတ်လျှင် ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ကျပ် (၈၁၀၀၀) ဖြစ်ပြီး ဇန်နဝါရီလ ပထမပတ်တွင်လည်း ကျပ်(၈၁၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကံမမြို့ပေါ်ရှိကုန်သည် ဦးတင်မျိုးလှိုင်ထံမှသိရှိရပါသည်။

         ထို့အပြင်ကံမမြို့နယ်ရှိ ကျေးရွာများတွင်လည်း ဆောင်းမတ်ပဲသီးနှံမှာ လျာထား (၇၂၀၃)ဧက ဖြစ်ပြီး ၂၀၂၂ခုနှစ် ဒီဇင်ဘာလအထိ(၇၂၁၃)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

DOCA(မကွေး)