ကရင်ပြည်နယ် ဘားအံမြို့တွင် ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

     ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယအပတ်အတွင်း ကရင်ပြည်နယ် ဘားအံမြို့တွင် ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းမှာ ဧည့်မထဆန်တစ်ပြည်လျှင် ၁၈၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၆၅၀၀ ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ကြက်သွန်နီ (မြစ်သား)လက်လီတစ်ပိဿာလျှင် ၃၅၀၀ ကျပ် နှင့် (မြင်းခြံ) ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) လက်လီတစ်ပိဿာလျှင် ၄၅၀၀ ကျပ် မှ ၅၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) လက်လီတစ်ပိဿာလျှင် ၅၀၀၀ ကျပ် မှ ၅၅၀၀ ကျပ်၊ ချင်း(ဂျင်း)တက်တစ်ပိဿာလျှင် ၂၀၀၀ ကျပ် မှ ၂၅၀၀ ကျပ်၊ ငရုပ်သီးခြောက် အမျိုးစားအလိုက်တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ် မှ ၁၈၀၀၀ ကျပ်၊ ဆားတစ်ပိဿာလျှင် ၇၀၀ ကျပ်၊ အာလူး တစ်ပိဿာလျှင် ၂၅၀၀ ကျပ် မှ ၂၇၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ပိသာလျှင် ၁၃၀၀ ကျပ်၊ ပဲသီးအရှည် တစ်ပိဿာ ၂၇၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အသား/ငါးနှင့် ကြက်ဥ/ဘဲဥ ဈေးနှုန်းများမှာ ကြက်ဥလက်လီဈေးနှုန်း(အကြီး)တစ်လုံးလျှင် ၃၂၀ ကျပ်နှင့် (အသေး) တစ်လုံးလျှင် ၃၀၀ ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ အသား/ငါး ဈေးနှုန်းများမှာလည်း ကြက်သား (CP ) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ် မှ ၁၁၀၀၀ကျပ်၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် ၁၅၀၀၀ကျပ် မှ ၁၇၀၀၀ကျပ်၊ ချောင်းငါးကြင်းတစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ငါးတန်တစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ ငါးခူတစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ငါးဖားမတစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

      ကရင်ပြည်နယ် ဘားအံမြို့တွင် ဒေသထွက်ရေချိုတောငါးများဖြစ်သော ငါးစင်ရိုင်း၊     ငါးဘဲဖြူ၊ ငါးစင်စပ်၊ ငါးခုံးမ၊ ငါးသံချိတ် စသည့် ငါးများမှာ တစ်ပိဿာလျှင် ၆၀၀၀ကျပ် နှင့် ပုစွန်ဆိတ် နို့ဆီဗူးတစ်ဗူးလျှင် ၈၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရပါသည်။  

DOCA(ကရင်)