မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောက်ပန်းတောင်းတပ်နယ်မှ ဦးဆောင်၍ (၂.၁.၂၀၂၃)ရက်နေ့ နံနက်(၀၈:၀၀)နာရီတွင် အမှတ်(၇)ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ အခြေခံစားသောက်ကုန်များအား ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
အခြေခံစားသောက်ကုန်များဖြစ်သော ဆီ၊ ကြက်ဥ၊ အမဲသား၊ ဝက်သားနှင့် ဟင်းသီးဟင်းရွက်များအား စျေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၄၇၀၀)၊ ကြက်ဥ(၁၀)လုံးနှင့် ဂေါ်ဖီတစ်ခြမ်း တစ်တွဲအား ကျပ်(၂၀၀၀)၊ အမဲသား၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် ထိုသို့ရောင်းချပေးရာတွင် မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)