ပခုက္ကူ ကုန်စည်ဒိုင်၌ ဒီဇင်ဘာလစတုတ္ထပတ် ပဲမျိုးစုံနှင့် နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

          ပခုက္ကူခရိုင်အတွင်း ပဲစဉ်းငုံနီ၊ ကုလားပဲ၊ ပဲနီ၊ ပဲတီ စိမ်း၊ ပဲနောက်၊ပဲယင်း၊ မတ်ပဲ၊ မြေပဲနှင့် နှမ်းတို့ကို အဓိကထားစိုက်ပျိုးကြပါသည်။ ဒီဇင်ဘာလ စတုတ္ထပတ်တွင် ပခုက္ကူကုန်စည်ဒိုင်၌ ပဲစဉ်းငုံနီ၊ နှမ်းမျိုးစုံ၊ မတ်ပဲနှင့် အခြားသီးနှံများအရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ်(၅၄၁၀၀/ ၅၄၄၀၀/ ၅၄၇၀၀/ ၅၅၃၀၀)၊ မတ်ပဲတစ်တင်းလျှင် ကျပ် (၅၂၅၀၀/ ၅၅၀၀၀)၊ နှမ်းနက်စမုံ(ရှယ်)မှာ အရည်အသွေးကိုလိုက်၍ တစ်တင်းလျှင် ကျပ်(၈၄၀၀၀/ ၈၅၀၀၀/၈၇၀၀၀) ၊ စမုံနှမ်းနက်(ရိုးရိုး) တစ်တင်းလျှင် ကျပ်(၆၅၀၀၀ မှ ၈၃၀၀၀)၊ နှမ်းနက်(ဂွ) တစ်တင်းလျှင် ကျပ်(၆၆၀၀၀/ ၆၇၀၀၀)၊ ယောပဲယင်းတစ်တင်းလျှင် ကျပ်(၃၈၅၀၀) ပဲဘိစပ် တစ်တင်းလျှင် ကျပ်(၅၁၀၀၀)၊ ပြောင်းဖူးစေ့(cp)တစ်တင်းလျှင် ကျပ်(၁၈၅၀၀)၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

        ယခုတစ်ပတ်၏ အရောင်းအဝယ်ဖြစ်မှုများမှာ ပဲစဉ်းငုံနီ (၉၀၀)အိတ်၊ မတ်ပဲ(၁၅၀)အိတ်၊ ယောပဲယင်း (၁၅၀)အိတ်၊ နှမ်းနက်စမုံ(ရှယ်) (၁၂၀၀)အိတ်၊ နှမ်းနက်စမုံ(ရိုးရိုး) (၁၄၀၀)အိတ်၊ နှမ်းနက် (ဂွ)(၃၀၀)အိတ်၊ ပြောင်းဖူးစေ့(cp) (၁၀၀)အိတ် အရောင်းအဝယ်ဖြစ်‌နေပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်းနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)