မုံရွာမြို့၊ ဒေသထွက် မြေပဲဆားလှော်၊ မြေပဲကြက်ဥ၊ မြေပဲပွကြော်၊ နေကြာစေ့လှော်များ၏ ဈေးနှုန်းအ‌ခြေအနေ

Powered by Drupal

       မုံရွာမြို့နယ်၊ မအူကျေးရွာတွင် ဆားလှော်လုပ်ငန်းရှင်(၁၆) ဦးခန့်ရှိရာ ဆားလှော် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီး၊ တာချီလိတ်၊ နမ့်ခမ်း၊ ပဲခူးဒေသများနှင့် တိုင်းတွင်း ဖြစ်သော စစ်ကိုင်း၊ ရေဦး၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ တမူး၊ ကလေးမြို့များသို့ တင်ပို့ရောင်းချပြီး မုံရွာ-မန္တလေးကားလမ်းဘေး မအူကျေးရွာ၏ ရွာထိပ်တွင်လည်း ဆိုင်ခန်းများဖွင့်လှစ်ရောင်းချကြောင်း၊ ပြည်တွင်းပြည်ပခရီးသွားများသည် မတူကွဲပြားသည့်ဒေသတစ်ခု၏ ဒေသထွက် အစားအသောက်တစ်ခုအနေဖြင့် မုံရွာမြေပဲဆားလှော်ကို စားသုံးရန်အပြင် လက်ဆောင်ပစ္စည်းပေးရန်အနေဖြင့်လည်း ဝယ်ယူမှုများကြောင်းသိရသည်။ ဈေးနှုန်းအနေဖြင့် အောက်ပါအတိုင်း သိရှိရပါသည်။

မြေပဲဆားလှော်

       မြေပဲဆားလှော် တစ်ပြည်တစ်ထုပ်လက်ကားဈေး (၅၅၀၀) ကျပ်ရှိပြီး လက်လီဈေး (၆၀၀၀) ကျပ်၊  နို့ဆီဗူး (၄)လုံး တစ်ထုပ် လက်ကားဈေး(၂၇၅၀)ကျပ်ရှိပြီး၊ လက်လီဈေး(၃၀၀၀) ကျပ်၊  နို့ဆီဗူး (၂)လုံး တစ်ထုပ် လက်ကားဈေး(၁၃၇၅)ကျပ်ရှိပြီး၊ လက်လီဈေး(၁၅၀၀)ကျပ်တို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

မြေပဲကြက်ဥ

      မြေပဲကြက်ဥ  တစ်ပြည်တစ်ထုပ်လက်ကားဈေး (၄၀၀၀) ကျပ်ရှိပြီး လက်လီဈေး (၄၅၀၀) ကျပ်၊  နို့ဆီဗူး (၄)လုံး တစ်ထုပ် လက်ကားဈေး(၂၀၀၀)ကျပ်ရှိပြီး၊ လက်လီဈေး(၂၂၅၀) ကျပ်၊  နို့ဆီဗူး (၂)လုံး တစ်ထုပ် လက်ကားဈေး(၁၀၀၀)ကျပ်ရှိပြီး၊ လက်လီဈေး(၁၂၀၀) ကျပ် တို့ဖြင့်ရောင်းချလျက်ရှိကြောင်းသိရပါသည်။

မြေပဲပွကြော်

      မြေပဲပွဲကြော်  တစ်ပြည်တစ်ထုပ်လက်ကားဈေး (၂၂၅၀) ကျပ်ရှိပြီး လက်လီဈေး (၂၅၀၀) ကျပ် ၊  နို့ဆီဗူး (၄)လုံး တစ်ထုပ် လက်ကားဈေး(၁၁၂၅)ကျပ်ရှိပြီး၊ လက်လီဈေး(၁၃၀၀) ကျပ် တို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

နေကြာစေ့လှော်

       နေကြာစေ့လှော် တစ်ပြည်တစ်ထုပ်လက်ကားဈေး (၄၅၀၀) ကျပ်ရှိပြီး လက်လီဈေး (၅၀၀၀) ကျပ် ၊နို့ဆီဗူး (၄)လုံး တစ်ထုပ် လက်ကားဈေး(၂၂၅၀)ကျပ်ရှိပြီး၊ လက်လီဈေး(၂၅၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)